BEC-TERO TV

နွေရာသီမှာ ချိုင်းချွေးပိုနံတာကို သက်သာပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းများ

03 May 2017     1,401 Views


နွေရာသီဆိုရင် ချွေးထွက်တာများလို့ အရင်ကအနံ့မရှိတဲ့သူတောင် အနံ့အသက်ဆိုးတွေထွက်လာတတ်ပါတယ်။ ချိုင်းကြားကအနံ့ဆိုးထွက်ပြီဆိုရင်တော့ ချိုင်းပြတ်အကျီ ၤတွေ blouse အကျီ ၤတွေ မဝတ်သင့်ပါဘူး။ အဲလိုဝတ်မယ်ဆိုရင် လူတွေရှေ့မှာ ချိုင်းမြောက်ပြဖို့နဲ့ ချိုင်းချွေးတွေထွက်နေတော့ မြင်ရရုပ်ဆိုးလှပါတယ်။ ဒါ့ကြောင့် ချိုင်းချွေးနံ့ ဆိုးတွေ သဘာဝအတိုင်းပျောက်ကင်းစေဖို့ နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။
 
၁။ ချိုင်းမွှေးမရိတ်ပါနဲ့
 
ချိုင်းမွှေးရိတ်တဲ့နေရာမှာ သုံးတဲ့ခရင်မ်တွေ လိုးရှင်းတွေနဲ့ တခြားခရင်မ်တွေဟာ အနံ့အသက်ဆိုးတဲ့ ဘက်တီးရီးယားတွေကို ပိုပြီး ကြီးထွားစေပါတယ်။ ချိုင်းမွှေးတွေက ဘက်တီးရီးယားတွေ ရှင်သန်ကြီးထွားခြင်းကိုကာကွယ်ပေးပြီး ချိုင်းမွှေးရိတ်မယ်ဆိုရင် ဘက်တီးရီးယားတွေ ပိုပြီးကြီးထွားလာမှာဖြစ်ပါတယ်။

၂။ သဘာဝဆပ်ပြာကိုသုံးပါ
 
ရိုးရိုးဆပ်ပြာ ဂျယ်တွေ ဆပ်ပြာခဲတွေအစား သဘာဝဆပ်ပြာကိုသာသုံးပါ။ ဥပမာ ဆိတ်နို့ (သို့) ဗာဒံဆီနဲ့လုပ်ထားတဲ့ဆပ်ပြာကိုသုံးပါ။ ရေချိုးနေတဲ့ချိန်မှာ ချိုင်းထဲကိုလိမ်းပေးပြီး ၂ မိနစ်လောက်ထားပါ။ အနံ့ဆိုးတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
 
၃။ ပေါင်ဒါသုံးပါ
 
ချွေးဆိုတာနဲ့ အနံ့အသက်ဆိုးတွေပျောက်ဖို့က ပေါင်ဒါသုံးဖို့လိုပါတယ်။ အရင်ဆုံး ဆပ်ပြာနဲ့ ရေချိုးပြီးသွားရင်(သို့) ချိုင်းသားကို ဆပ်ပြာနဲ့ဆေးပြီး ပေါင်ဒါလိမ်းပေးထားပါ။ တစ်နေ့ကို ၂ ကြိမ်လောက်လုပ်ပေးပါ။
 
၄။ Vodka အရက် နည်းနည်းဖြန်းပါ
 
Vodka အရက်က အနံ့အသက်ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ရှင်သန်ကြီးထွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အနံ့မရှိတဲ့ အရက်ကိုဖြန်ပြီး အိမ်ကနေ အပြင်ကိုသွားပါ။

၅။ သံပုယိုသီး (သို့) သံပုရာသီးသုံးပါ။
 
အက်ဆစ်ဓါတ်ပါတဲ့ အသီးတွေဟာ အနံ့အသက်ကောင်းမွန်စေမှာဖြစ်ပြီး ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ သံပုယိုသီး (သို့) သံပုရာသီးကို နှစ်စိတ်စိတ်ပြီး လက်နှစ်ဖက်ကြားမှာ လိမ်းပေးပါ။ ပြီးရင်ညှပ်ထားပြီး ၁၅ မိနစ်လောက်ထားပါ။ အဲဒီနောက် ရေဆေးချပါ။

၆။ မုန့်ဖုတ်ဆိုဒါသုံးမယ်
 
သံပုယိုသီးလိုပဲ မုန့်ဖုတ်ဆိုဒါမှာလည်း အနံ့အသက်ဆိုးတွေကို ပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိတွေရှိပြီး ဘက်တီးရီးယားတွေကိုသေစေပါတယ်။ မုန့်ဖုတ်ဆိုဒါ (သို့)ပြောင်းဖူးမုန့်ကို ရေအနည်းငယ်ရောပြီး ချိုင်းသားမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေဆေးချပါ။

 

 


03 May 2017     1,401 Views




RELATED

Most Popular of Special or Others

Most Popular of Life Style