BEC-TERO TV

မိခင်ရှိရဲ့နဲ့ ၁၈လ ကလေးငယ်ကို ခိုးယူပြန်ပေးဆွဲရုပ်သံ

03 May 2017     1,594 Views


မိခင်ဖြစ်သူဈေးဝယ်နေချိန်မှာ အနားရှိ လက်တွန်းဆွဲခြင်းတောင်ထဲက  ကလေးငယ်ကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့တဲ့ သတင်းကတော့အတော်လေး သတိထားဖွယ်ရာသတင်းပါ။မိခင်တိုင်းအတွက် အလေးထားသင့်သလို ခေတ်ကာလ ကိုထင်ဟပ်စေတဲ့ ဖြစ်စဉ်ပါ။ခဏတာတုန်လှုပ်ခဲ့ရတဲ့ အချိန်အပိုင်းအခြားလေး ဆိုတာကိုတော့ ဗီဒီယိုဖိုင်မှာသာ ကြည့်ကြပါ။ဖြစ်စဉ်ကတော့ အင်္ဂလန် လန်ဒန်မြို့ကရှော့ပင်ဆိုင်ထဲမှာ ဖြစ်ပျက်ခဲ့တာပါ။မိခင်ဖြစ်သူဈေးဝယ် ကုန်ပစ္စည်းတွေရှင်းဖို့ ကောင်တာမှာ အ၀ယ်ကုန်ပစ္စည်းတွေချနေချိန်မှာ သူစိမ်းအမျိုးသမီးတစ်ယောက် ယောက်လာပြီး ကလေးကို ချီပွေ့လိုက်ပါတယ်။ကလေးချစ်တယ်ဆိုတဲ့ပုံစံကြောင့် မိခင်ဖြစ်သူက အသာတကြည်ခွင့်ပြုပေမယ့် ဒီဘက်အလှည့်မှာတော့ ကလေးကိုချီပြီး အပြင်ထွက်သွားဖို့ ခြေလှမ်းတွေ စတင်လှမ်းလိုက်တဲ့အချိန်မှာပဲ မိခင်ဖြစ်သူက သတိထားမိပြီး ကလေးကို လိုက်လံတောင်းခံယူမှ ကလေးကို ပြန်ပေးလိုက်တာပါ။

အဲ့နောက်အဆိုပါ သူစိမ်းအမျိုးသမီးကဘာမှမဖြစ်တဲ့ ပုံစံနဲ့ဈေးကွက်ကောင်တာအပြင်ကို ထွက်သွားတာကို CCTV ကနေပုံရိပ်လှမ်းယူဖမ်းမိလိုက်ပါတယ်။ကြောက်စရာကောင်းတဲ့ အမျိုးသမီးမျက်နှာကိုသေသေချာချာ ဖော်ပြထားလို့သတိထားကြပါ။ ကလးမိခင်ခမျှ ခဏတာ တုန်လှုပ်သွေးပျက်ခြောက်ခြားသွားပါတယ်။


03 May 2017     1,594 Views




RELATED

Most Popular of International News

Most Popular of NEWS