BEC-TERO TV

တရုပ်နိုင်ငံနှင့် ယူကေနှစ်နိုင်ငံကြား ကီလိုမီတာ ၁၂,၀၀၀ ခုတ်မောင်းခဲ့သည့် ပထမဦးဆုံး ကုန်သေတ္တာတင်ရထား တရုပ်ပြည်သို့ ပြန်လည်ရောက်ရှိ

03 May 2017     1,349 Views


တရုပ်နိုင်ငံနှင့် ယူကေ(United Kingdom) နှစ်နိုင်ငံကြား ဆက်သွယ်ဖောက်လုပ်ထားသည့် ရထားလမ်းကို အသုံးပြုကာ ပထမဦးဆုံးကုန်သေတ္တာတင်ရထားကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလပိုင်းက တရုပ်နိုင်ငံမှ စတင်ထွက်ခွာခဲ့ပြီး ကီလိုမီတာ ၁၂,၀၀၀ ခုတ်မောင်းခဲ့ပြီးနောက် ၁၈ ရက်အကြာတွင် ယူကေသို့ ဆိုက်ရောက်ခဲ့သည်။ အဆိုပါ ကုန်သေတ္တာတင်ရထားသည် ယူကေမှ တရုပ်နိုင်ငံ Yiwu သို့ လွန်ခဲ့သော စနေနေ့က ပြန်လည်ရောက်ရှိလာခဲ့သည်။
 
 
ယူကေမှ တရုပ်နိုင်ငံသို့ ပြန်လာရာခရီးစဉ်တွင် ၁၉ ရက်တာကြာမြင့်ခဲ့ပြီး နိုင်ငံပေါင်း ၇ နိုင်ငံကို ဖြတ်ကျော်ကာ ကီလိုမီတာ ၁၂,၀၀၀ ကိုခရီးနှင်ခဲ့ရခြင်းဖြစ်သည်။ ကုန်သေတ္တာတွဲ ၃၂ တွဲပါရှိပြီး အဓိကအားဖြင့် မိခင်နှင့်ကလေး အသုံးဆောင်ပစ္စည်းများ အချိုရည်ထုတ်ကုတ်ပစ္စည်းများ တင်သွင်းလာခဲ့သည်။
 
 
တရုပ်နိုင်ငံ Yiwu ဒေသသည် စက်ရုံအလုပ်ရုံမျိုးစုံ တည်ရှိသောနေရာဖြစ်ပြီး စက်ရုံထွက်ပစ္စည်းအမျိုးမျိုးကို ပြည်ပသို့ တင်ပို့နေခြင်းဖြစ်သည်။ လက်ရှိတွင် တရုပ်နိုင်ငံနှင့် အနောက်နိုင်ငံပေါင်း ၂၈ နိုင်ငံ ကုန်သေတ္တာတင်ပို့မှု ရထားလမ်းကို  ဆက်သွယ်ချိပ်ဆက်ပြေးဆွဲနေပြီဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် တစ်နှစ်လျှင် ကုန်သေတ္တာရထား အခေါက်ရေပေါင်း ၅,၀၀၀ ထိ ပြေးဆွဲနိုင်ရန် စီစဉ်လျှက်ရှိသည်။
 
အာရှဒေသနှင့် အနောက်နိုင်ငံများ၏ ကုန်စည်စီးဆင်းမှုကို ဖော်ပြပါနည်းလမ်းများနှင့် တည်ဆောက်ချိပ်ဆက်ထားသကဲ့သို့ ခေတ်အဆက်ဆက်က ပိုးလမ်းမကြီးကိုလည်း ပြန်လည်အသက်ဝင်လာစေရန်အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ရင်းနှီးသုံးစွဲထားပြီးဖြစ်သည်။
 

03 May 2017     1,349 Views




RELATED

Most Popular of International News

Most Popular of NEWS