မီးတောင်ထိပ်ပေါ်မှာ ကိုယ်လုံးတီးပုံ အလှရိုက်ခဲ့လို့ ဝေဖန်ခံရသူ
04 May 2017 1,594 Views

နယူးဇီလန်ကျွန်းနိုင်ငံက မောင့်တာရာနာကီ မီးတောင် ထိပ်ပေါ်မှာ ကိုယ်လုံးတီး ပုံအလှရိုက်ခဲ့တဲ့ဂျေလင်းကွတ်ခ် (Jaylene Cook) ကတော့ လက်ရှိမှာ ဝေဖန်ခံနေရပါတယ်။ အခုလိုဖြစ်ပျက်ခဲ့ရတဲ့အကြောင်းက ကိုယ်ဟန်ပြမယ် ဂျေလင်းကွတ်ခ် (Jaylene Cook) က ကိုယ်လုံးတီးအလှပုံကို အင်စတာဂရမ်မှာ တင်ခဲ့ရာမှအစပြုကာ အခုလိုဝေဖန်ခြင်းခံနေရတာပါ။ ကိုယ်ဟန်ပြမယ့် ဂျေလင်းကွတ်ခ် (Jaylene Cook)က ထင်ရှားကျော်ကြားတဲ့ အမျိုးသမီးတစ်ဦးဖြစ်သလို လက်ရှိ အွန်လိုင်းမှာလည်း ပရိသတ် ၃ သိန်းကျော် ရှိနေသူတစ်ဦးပါ။များသောအားဖြင့် ပုရိသကြိုက်အလှဓာတ်ပုံတွေရိုက်လေ့ရှိပြီး ပလေးဘွိုင် ဝစ်လစ်စလစ် မဂ္ဂဇင်း ကိုယ်ဟန်ပြမယ်ပါ။အခုလိုမျိုးကိုယ်လုံးတီး ရိုက်ကူးထားတဲ့ ဓာတ်ပုံကို သူမရဲ့ လူကြည့်များတဲ့ အင်စတာဂရမ်မှာ တင်ခဲ့လို့ ဝေဖန်ခံနေရသလို ဒေသခံ Maori လူမျိုးတွေကိုလည်း စိတ်ဆိုးစေခဲ့ပါတယ်။ သတင်းဖော်ပြချက်အရ မောင့်တာရာနာကီ မီးတောင်ဆိုတာက ဒေသခံ တိုင်းရင်းသား Maori လူမျိုးတွေရဲ့ ဘိုးဘေးဘီဘင်တွေ မြေမြှပ်ခေါင်းချ ခဲ့ရာ နေရာဖြစ်ပြီး တန်ဖိုးထားအလေးဂရုပြု တဲ့နေရာတစ်ခုပါ။ဒါ့အပြင်ခရီးသွား ဧည့်သည်တွေဟာ ဒေသခံတွေရဲ့ ရိုးရာ ယုံကြည်မှု ဓလေ့ ထုံးတမ်းတွေကို လေးစားသမှု ရှိသင့်ကြောင်းလည်း ဝေဖန်ကြပါတယ်။ ကိုယ်ဟန်ပြမယ် ဂျေလင်းကွတ်ခ် (Jaylene Cook) က တော့ သူမရဲ့ ဓာတ်ပုံရိုက်ကူးမှုကို မဆောင်ရွက်ခင်မှာ ပတ်ဝန်းကျင်ကို သေချာ ပြင်ဆင် လေ့လာ ခဲ့ကြောင်း၊ အဝတ်ဗလာ ရိုက်ကူးလို့ ဘယ်သူကိုမှ ကျူးလွန် စော်ကားသလို မဖြစ်ဘူးလို့ ယူဆလို့ ဒီလို ရိုက်ပြီး တင်ခဲ့တာ ဖြစ်ကြောင်းဆိုထားပါတယ်။