BEC-TERO TV

ထမင်းမစားရတာ ၉ ရက်လောက်ရှိပြီဆိုတဲ့ ဇေရဲထက်

04 May 2017     2,119 Views


မင်းသား ဇေရဲထက်က မာယာကကြိုးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မိန်းမလျာ ဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားအတွက် ဇာတ်ရုပ်ပြင်ဆင်မှုအရ မြန်မာဝတ်စုံပဲ fit size တွေကိုသာ ၀တ်ဆင်ရမှာ ဖြစ်တဲ့အတွက် ဇေရဲထက်တစ်ယောက် ထမင်းမစားရဘဲ အရည်ပဲသောက်ပြီး ရုပ်ရှင်ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။

ထမင်းမစားရတော့ ဖျားနာ စိတ်ဖိစီးမှုတွေများပြီး ပင်ပန်းနေပေမယ့်လဲ ကြိုးစားမှုကို ပရိသတ်တွေက အသိအမှတ်ပြု အားပေးစကားပြောကြတဲ့အတွက် အပန်းပြေပါတယ်လို့ ဇေရဲထက်က ပြောပါတယ်။

မာယာကကြိုးရုပ်ရှင်ဇာတ်ကားကိုတော့ နာမည်ကျော် မင်းသားတစ်လက်ဖြစ်တဲ့ ဟိန်းဝေယံက ပုံဖော်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဇေရဲထက်ရဲ့ဇာတ်ရုပ်အတွက်လည်း ဟိန်းဝေယံက လုပ်ရမယ့်ပုံစံ ၊ အ၀တ်အစားတွေကအစ အသေးစိတ် ပြောပြပေးတယ်လို့ သိရပါတယ်။

ဇေရဲထက်က မိန်းမလျာဇာတ်ရုပ်နဲ့ ဇာတ်ကားတွေ ရိုက်ကူးခဲ့ဖူးပေမယ့် ဟာသဇာတ်ရုပ်အဖြစ်သာများပြီး အခုလို ဒရာမာ ဇာတ်ရုပ်ကတော့ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ ဇေရဲထက် ဒီထက်မကအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


04 May 2017     2,119 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment