BEC-TERO TV

မျက်ဝန်းနဲ့ဖုန်းဖွင့်နိုင်မယ့် Galaxy S8 နဲ့ S8+

04 May 2017     1,283 Views


၅.၈ လက်မ အရွယ်အစားရှိGalaxy S8 နှင့် ၆.၂ လက်မ အရွယ်အစားရှိ Galaxy S8+ ကို မြန်မာနိုင်ငံမှာမကြာခင် ၀ယ်ယူရရှိနိုင်တော့မှာပါ။ Corning® Gorilla® Glass 5 အား ဖုန်း၏ ရှေ့နောက်မျက်နှာပြင် နှစ်ဘက်စလုံးမှာ အသုံးပြုထားသောကြောင့် အကြမ်းခံ၍ အရည်အသွေးမြင့်မား ပါတယ်။ဒီစမတ်ဖုန်းရဲ့ထူးခြားချက်အချို့ကို တင်ပြလိုက်ပါတယ်။

အရည်အသွေးမြင့်ကင်မရာ

Galaxy S8 နှင့် S8+ တို့အား အရည်အသွေးမြင့် ဓာတ်ပုံကောင်းများရရှိနိုင်ခြင်းနဲ့အတူ အလင်းရောင်အားနည်းမှု၊ zoom ချုံ့ချဲ့ခြင်း အပါအ၀င် ဓာတ်ပုံတွေ ဝေဝါးခြင်းအတွက် 8MP အရည်အသွေးရှိပြီး F1.7 နဲ့ Smart autofocus တို့ပါဝင်တဲ့ ရှေ့ကင်မရာ ၊ 12MP အရည်အသွေးရှိပြီး F1.7 နဲ့ Dual Pixel ရှိ နောက်ကင်မရာတို့နဲ့အတူ ထည့်သွင်းဖန်တီးပေးထားပါတယ်။

စွမ်းအားမြင့် စွမ်းဆောင်ရည်

Galaxy S8 နှင့် S8+ မှာ ထိပ်တန်း 10nm processor အား ထည့်သွင်းပေးထားပါတယ်။ 1Gbps နဲ့ အထက် ပံ့ပိုးပေးနိုင်မှုနဲ့ အတူ LTE ကွန်ယက်၊ Wi-Fi ချိတ်ဆက်မှုတို့အား အဆင်သင့် ထည့်သွင်းပေးထားပါတယ်။

သဘောကျနှစ်ခြိုက်ဖွယ်ရာ ဖျော်ဖြေရေး

ကမ္ဘာ့ပထမဆုံး MOBILE HDR PREMIUMTM ထုတ်ကုန်အဖြစ် UHD Alliance ၏ အသိအမှတ်ပြုထားခြင်းခံရတဲ့ Galaxy S8 နှင့် S8+ မှာ ရုပ်သံ အစီအစဉ်တွေကို  စိုလွင်တောက်ပတဲ့ အရောင်၊ အလင်းအမှောင်ချိန်ညှိထားပုံကို မှုလဖန်တီးထားတဲ့အတိုင်းခံစားနိုင်ပါတယ်။ဂရပ်ဖစ် နည်းပညာအပါအ၀င် Vulkan API ရဲ့ထိပ်တန်း ဂိမ်းအမျိုးအစားတွေကို ကစားနိုင်ပါတယ်။

ကမ္ဘာ့အဆင့်မီ ဖုန်းတွင်းလုံခြုံရေးစနစ်

Galaxy S8 နဲ့ S8+ တွင် လက်ဗွေရာစနစ်၊ iris scan စနစ်၊ မျက်နှာအားမှတ်သားထားသည့်စနစ် အစရှိတဲ့ လုံခြုံစိတ်ချရမယ့် ကိုယ်ပိုင်အဆင်မြင့်လုံခြုံရေးစနစ်တွေပါဝင်ပါတယ်။

 

 
 
========================================
 
MYANMAR's GOT TALENT 2017 ပါရမီရှင်ရွေးပွဲကြီး ပြန်လာပါပြီ
 
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ထူးထူးခြားခြား အစွမ်းတွေကို ယှဉ်ပြိုင်ပြသမယ့် MYANMAR's GOT TALENT 2017 အစီအစဉ်ကို လာမယ့် မေလ(၇)ရက် (တနင်္ဂနွေနေ့)မှာ MRTV-4 ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်တော့မည်ဖြစ်လို့ စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ..။
 
 

04 May 2017     1,283 Views




RELATED

Most Popular of Special or Others

Most Popular of NEWS