ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ
04 May 2017 1,675 Views

၂၀၁၇ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ပထမအဆင့် နောက်ဆုံးပွဲပြိုင်များကို ယနေ့ ၄နာရီမှာကစားကြမှာပါ။ပထမအဆင့် ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ဖီးနစ်(က)၊ မြဝတီ၊ ဖုန်ဂန်နဲ့ စီးတီးစတား အသင်းတွေက နောက်တစ်ဆင့်ကို တက်ရောက် နိုင်ခဲ့ပါတယ်။ဒီနေ့ကစားမယ့်အသင်းတွေကတော့နေပြည်တော် အသင်း၊ဒဂုံအသင်း၊မဟာယူနိုက်တက်နဲ့ တက္ကသိုလ် အသင်းတို့ဖြစ်ပါတယ်။ကစားမယ့် ပွဲတွေထဲက နေပြည်တော် အသင်းနဲ့ ဒဂုံ အသင်းတို့ရဲ့ ပွဲကို General Aung San Shield ပေ့ခ်ျကနေ တိုက်ရိုက် (FB Live) ပြသသွားမှာ ဖြစ်ပြီး မဟာယူနိုက်တက်နဲ့ တက္ကသိုလ် အသင်းတို့ရဲ့ ပွဲကို MWD Variety နဲ့ MWD Shopping ရုပ်သံလိုင်းတွေမှာ တိုက်ရိုက် ပြသသွားမှာ ဖြစ်ပါတယ်။






