BEC-TERO TV

ကင်ဆာဆေးထုတ်ရာမှာ အသုံးဝင်တဲ့ ဘိန်းစိမ်း

04 May 2017     1,418 Views


ကင်ဆာရောဂါကုသရေးလုပ်ငန်းမှာ မရှိမဖြစ်လိုအပ်တဲ့ ကိုဒင်းနဲ့ မော်ဖင်းတို့လိုဆေးဝါးတွေ ထုတ်လုပ်ရာမှာ ဘိန်းစိမ်းဟာ အဓိကလိုအပ်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
 
ဘိန်းစိမ်းကို အရင်ဆုံး ပေါင်းခံအဆီ ထုတ်ပြီးမှ ကင်ဆာရောဂါ ကုသရေးမှာ သုံးတဲ့ ဆေးဝါးအချောတွေကို ပြန်လည် ထုတ်လုပ်တာ ဖြစ်ပါတယ်။
 
ရန်ကုန် ဆေးဝါးစက်ရုံတွင်လဲ အဆိုပါ ကင်ဆာဆေးများ ထုတ်လုပ်လျက်ရှိပြီး ယခင်နှစ်က ဆေးဝါးထုတ်လုပ်ရန်အတွက် ဘိန်းစိမ်း ၁၀၀ ကီလိုဂရမ်ကျော် တင်ပြတောင်းခံခဲ့တယ်လို့ မြန်မာ့ဆေးဝါးလုပ်ငန်း (အင်းစိန်) မှ ဒုတိယ စက်ရုံမှူး ဒေါက်တာအောင်ဇော်က The Voice New ကို ပြောကြားခဲ့ပါတယ်။
 
ဆေးဝါးထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ဘိန်းစိမ်းကိုတော့ ပြည်ထဲရေးဝန်ကြီးဌာန ၊ ဓာတုပစ္စည်းထိန်းချုပ်ရေး အဖွဲ့ကို တင်ပြတောင်းခံရပြီး မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးများကို မဖျက်ဆီးမီ မြန်မာ့ဆေးဝါးလုပ်ငန်း နဲ့ ပညာရေးဝန်ကြီးဌာနများရှိ သုတေသနနှင့် ဆေးဝါးဖျော်စပ် လုပ်ငန်းများအတွက် လိုအပ်သော ဘိန်းစိမ်း ၊ အမိုနီယမ် ကာဗွန်နိတ် အပါအဝင် ဆာလဖျူရစ် အက်ဆစ် စတဲ့ ပစ္စည်းများကို လိုအပ်တဲ့ ပမာဏအလိုက် တင်ပြတောင်းခံရတာဖြစ်ပါတယ်။
 
မြန်မာနိုင်ငံတွင် ဘိန်းစိမ်း ကီလိုဂရမ် ၂၀၀ နဲ့ ၅၀၀ ကြား နှစ်စဉ် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ 
 
 

04 May 2017     1,418 Views




RELATED

Most Popular of Health Fix

Most Popular of Life Style