BEC-TERO TV

မော်ရင်ဟို စိတ်ညစ်နေတဲ့ ကံဆိုးမှုအခြေအနေ

04 May 2017     1,314 Views


ယူရိုပါလိဒ်နဲ့ချန်ပီယံလိဒ်ဝင်ခွင့် တိုက်ပွဲဝင်နေတဲ့ မန်ယူအသင်းအနေနဲ့ လက်ရှိမှာတော့ နောက်တန်းကစားသမား ၅ဦးအထိ ဒဏ်ရာရရှိနေပြီးအဆိုပါ၅ဦးအနက် ဗဟိုနောက်ခံလူ ၄ဦးအထိ ဒဏ်ရာ ပြသနာနဲ့ရင်ဆိုင်နေရတာပါ။
ပွဲကြပ်နေတဲ့ မန်ယူဟာယနေ့ညမှာတော့  ဆယ်တာဗီဂိုနဲ့ ယူရိုပါလိဒ် ပထမအကျာ့ ရင်ဆိုင်ရမှာဖြစ်သလို EPL မှာဆိုရင်လည်း အာဆင်နယ်နဲ့ယှဉ်ပြိုင်ကစားရမှာပါ။ 
 
အာဆင်နယ်နဲ့ယှဉ်ပြိုင်ကစားအပြီးမှာတော့ ဆယ်တာဗီဂိုနဲ့ ယူရိုပါလိဒ် ဒုတိယအကျော့ ကစားရမှာဖြစ်သလို EPL မှာတော့ စပါးနဲ့ကစားရမှာပါ။ မန်ယူအနေနဲ့ EPL မှာ အဆင့် ၅ နေရာ ရပ်တည်နေပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဒ်တိုက်ရိုက်ဝင်ခွင့်ရဖို့ EPL မှာ အနည်းဆုံးအဆင့် ၃နေရာကနေ ရပ်တည်ရမှာပါ။
ယူရိုပါလိဒ်မှာတော့ ဆီမီးဖိုင်နယ်အဆင့်ရောက်ရှိနေပေမယ့် လက်ရှိ မန်ယူဒဏ်ရာ ရရှိနေသူစာရင်းအရနည်းပြမော်ရင်ဟို အနေနဲ့လူရွေးချယ်ရာမှာ စိတ်ညစ်လောက်အောင် အခက်အခဲရှိနေတာပါ။မန်ယူကစားသမား (အသင်းကြီးနဲ့အသင်းငယ်အပါအဝင်) ၁၈ယောက်အထိ ဒဏ်ရာရနေတာပါ။

မန်ယူဒဏ်ရာရ လူစာရင်း

Phil Jones (broken toe)

Chris Smalling (knee)

Marcos Rojo (anterior cruciate ligament)

Zlatan Ibrahimovic (anterior cruciate ligament)

Timothy Fosu-Mensah (shoulder)

Luke Shaw (unknown)

Eric Bailly (ankle)


04 May 2017     1,314 Views




RELATED

Most Popular of Football

Most Popular of Sport