BEC-TERO TV

အသက် ၃ နှစ်အရွယ် တီဗီစတားလေး ဝင်ငွေခွန်ဆောင်ပြီ

04 May 2017     1,461 Views


မလေးရှားနိုင်ငံရဲ့ အခွန်ထမ်း ဥပဒေအရ အသက် ၁၈ နှစ်အောက်အရွယ် ကလေးတစ်ယောက်ရဲ့ တစ်နှစ်ဝင်ငွေဟာ မလေးရှားရင်းဂစ် RM 34,000 (ကျပ် ၁၀၆ သိန်းကျော်) နဲ့အထက် ရှိမယ်ဆိုရင် အခွန်ထမ်းရမှာဖြစ်ပါတယ်။
 
 
Lara Alana ဆိုတဲ့ ချစ်စရာကောင်းတဲ့ ကလေးမလေးဟာ အသက် ၃ နှစ်အရွယ်သာရှိသေးပြီး Lara Oh Lara ဆိုတဲ့ TV Show အစီစဉ်ရဲ့ ပင်မသရုပ်ဆောင်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူရဲ့ ဟန်ပန်အမူအယာတွေကြောင့် Lara Oh Lara TV show ကိုစောင့်ကြည့်နေတဲ့ ပရိသတ်အများကြီး ရှိနေပါတယ်။ 
 
 
အင်စတာဂရမ်မှာ ဖော်လိုဝါ သုံးသန်းနီးပါးရှိတဲ့ Lara Alana ဟာ ယခုနှစ်ကစပြီး ဝင်ငွေခွန် ဆောင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ သူမရဲ့ မိဘနှစ်ပါးဖြစ်တဲ့ Awal Ashaari နဲ့ Scha Alyahya ကလည်း မလေးရှားရဲ့ ဆယ်လီတွေ ဖြစ်ကြပြီး သူတို့သမီးလေးရဲ့ အခွန်ဆောင်ဖို့ ကိစ္စအဝ,ဝကို အကျိုးဆောင်တစ်ခုနဲ့ ချိပ်ဆက်လွှဲထားပြီးဖြစ်ကြောင်း သိရှိရသည်။
 
 
Lara Alana လိုပဲ ကလေသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Puteri Balqis (၁၀ နှစ်) နဲ့ Mia Sara (၁၂ နှစ်) တို့လည်း အခွန်ဆောင်နေကြရပါပြီ။ Lara Alana ရဲ့ Lara Oh Lara TV show က ဘာကြောင့်များ ဒီလောက် လူကြိုက်များရလဲဆိုတာကို ကြည့်ရှုအားပေးလိုက်ကြပါဦး…။
 

04 May 2017     1,461 Views




RELATED

Most Popular of Special or Others

Most Popular of NEWS