BEC-TERO TV

အိမ်မှာအလွယ်တကူကြော်စားနိုင်တဲ့ French Fries အာလူးကြော်

05 May 2017     4,372 Views


ဆိုင်တွေမှာ စျေးကြီးကြီးပေးဝယ်စားရတဲ့ French Fries အာလူးကြော်လေးကို ကိုယ့်ဘာသာ အိမ်မှာကြော်စားကြည့်ရအောင်။ တကယ်အရသာရှိပြီး လုပ်ရတာလဲ အရမ်းလွယ်ကူပါတယ်။
 
အာလူးကိုအခွံခွာပြီး အနေတော်အချောင်းလေးတွေ လှီးဖြတ်ပါ။ လှီးဖြတ်ပြီးသား အာလူးချောင်းလေးတွေ ဆားအနည်းငယ်ထည့်ထားတဲ့ ရေနွေးထဲ သုံးပုံတစ်ပုံလောက် ကျက်သည်အထိ နှစ်မိနစ် သုံးမိနစ်ခန့် ပြုတ်ပါ။(အာလူးချောင်းတွေ မကျက်ပါစေနဲ့)
 
ပြုတ်ပြီးသားအာလူးချောင်းတွေကို ရေစင်အောင် ပြန်သုတ်ပေးပါ။ (ရေမစင်ရင် အာလူးတွေပျော့ပြီး ကြေသွားတတ်ပါတယ်။ ရေပြောင်လေ ဆီစားသက်သာလေပါပဲ)
 
ရေစင်သွားတဲ့ အာလူးချောင်းလေးတွေကို အလုံပိတ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ဆယ်မိနစ်လောက် ပြန်ထည့်ထားပေးပါ။
 
အချိန်ပြည့်သွားရင်တော့ အာလူးချောင်းလေးတွေကို ပြန်ထုတ်ပြီး ဆီပူပူလေးထဲ ထည့်ပြီး ကြော်လိုက်ပါ။ မီးကိုတော့ ပုံမှန်လေးပဲ ထားပြီးကြော်ပေးပါ။ အရမ်းပူလွန်းရင် တူးသွားနိုင်ပါတယ်။
 
ကဲဒါဆိုရင်တော့ အိမ်မှာပဲ အာလူးချောင်းကြော်လေး ကြော်စားနိုင်ပါပြီ…

05 May 2017     4,372 Views




RELATED

Most Popular of Food

Most Popular of Life Style