BEC-TERO TV

ရပ်ရှ်ဖို့ဒ်ရဲ့ ဖရီးကစ်ဂိုးနဲ့ စပိန်မြေမှာအောင်လံလွှင့်

05 May 2017     1,372 Views


■ ဆယ်လ်တာဗီဂို ၀-၁ မန်ယူ

ယနေ့မနက် (၁း၃၅) မှာယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဒ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှတော့ အင်္ဂလန်ကိုယ်စားပြု မန်ယူအသင်း ကစပိန်ကိုယ်စားပြု ဆယ်လ်တာဗီဂိုအသင်း စပိန်မြေဆယ်လ်တာဗီဂို အိမ်ကွင်းမှာပဲ ရပ်ရှ်ဖို့ဒ်ရဲ့တစ်ဂိုးတည်းသောဂိုးနဲ့အနိုင်ရယူနိုင်ခဲ့ပါတယ်။

ဒဏ်ရာပြသနာတွေကြားက နည်းပြ မော်ရင်ဟိုက မန်ယူအသင်းကို (၄-၃-၃)ပုံစံနဲ့ ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ်၊ လင်ဂတ်နဲ့ မစ်ခီတာရီယန်တို့ ကစားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဂူဒက်တီ၊ အက်စ်ပတ်စ်၊ ဆစ္စတိုတို့ ဦးဆောင်တဲ့ ဆယ်လ်တာဗီဂိုအသင်းရဲ့တိုက်စစ်ကထင်ထားသလောက်အလုပ်မဖြစ်ခဲ့တာက ဒီနေ့ပွဲအတွက် မန်ယူကံကောင်းတယ်လို့ဆိုရမှာပါ။

အထူးသဖြင့် ဆယ်လ်တာဗီဂိုပရိသတ်တွေ မျှော်လင့်ခဲ့တဲ့ အက်စ်ပတ်စ် ဘာမှ လုပ်မပြနိုင်ခဲ့ပါဘူး။ မန်ယူကွင်းလယ်က ပေါ့ဘာရဲ့ ဘောလုံးဖြန့်ဝေပုံတွေကောင်းမွန်ခဲ့တာကြောင့်လည်း မန်ယူကွင်းလယ်ပိုင် အသာစီးရရှိခဲ့တာပါ။ဒါပေမဲ့ တိုက်စစ်ပိုင်းမှာ အချိတ်အဆက်သိပ်မမိခဲ့တာကြောင့် ဂိုးရဖို့ အခက်တွေ့နေခဲ့ရပြီး တစ်လုံးတည်းအနိုင်ဂိုးကိုတော့ပွဲချိန်(၆၇)မိနစ်ရောက်မှ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ဖရီးကစ်ကို တိုက်ရိုက်ကန်သွင်းခဲ့ တာဖြစ်ပါတယ်။
 


05 May 2017     1,372 Views




RELATED

Most Popular of Football

Most Popular of Sport