BEC-TERO TV

အလှူဒါနလုပ်ရင်းပြန်ဆုံကြတဲ့ တစ်ချိန်က အနုပညာမောင်နှမ နှစ်ဦး

05 May 2017     1,843 Views


တစ်ချိန်က အနုပညာလောကမှ အဆိုရော အကရော ပိုင်နိုင်တဲ့ အဆိုတော်တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တော်တဲ့ မင်းသမီးတစ်ယောက်လဲ ဖြစ်ခဲ့တဲ့ တင့်တင့်ထွန်းဟာ လက်ရှိမှာ ဆရာလေး နန္ဒမာလာ ဖြစ်လို့နေပါပြီ။

အနုပညာအလုပ်တွေကနေ အနားယူပြီး ငြိမ်းချမ်းတဲ့တရားကို ရှာဖွေနေတဲ့ ဆရာလေး နန္ဒမာလာက တစ်ချိန်က အနုပညာမောင်နှမဖြစ်ခဲ့ဖူးပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း လူမှုအကျိုးပြုလုပ်ငန်းတွေအတွက် ငွေကျပ်သိန်းသုံးဆယ်ကို လာရောက်လှူဒါန်းခဲ့ပါတယ်။

အလှူလှူဒါန်းဖြစ်ပုံကိုတော့ ဆရာလေး နန္ဒမာလာက “သီလရှင်အနေနဲ့ အခုလို သတင်းတင်တာ ကြွားဝါသလိုဖြစ်မှာစိုးလို့ မတင်စေချင်ဘူး၊ မသင့်တော်ပါဘူး၊ ဒါပေမယ့် အများသူငါ မုဒိ တာပွားနိုင်အောင် တင်ချင်တယ်ဆိုတော့ မတားတော့ပါဘူး၊ သီလရှင်အနေနဲ့ လှူချင်နေတာကြာပြီ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်တော့ မလှူဖြစ်ခဲ့ဘူး၊ ဒီကနေ့တော့ အကြောင်းတိုက်ဆိုင်လို့ လှူဖြစ်ခဲ့ တယ်၊ သီလရှင်က တစ်ပါးတည်း မိဘတွေကလည်း မရှိတော့ဘူးဆိုတော့ ဟိုးတုန်းက တွေးမိဖူးတယ်၊ ငါသေရင် ဘယ်သူကများ အသုဘချပေးမလဲလို့ တွေးပူခဲ့မိတယ်။ ဒါပေမယ့် နောက်တော့ ကိုမောင် (ကိုကျော်သူ)တို့ နာရေးအသင်းရှိနေတာပဲ ဘာပူစရာရှိလဲလို့တွေးမိပြီး ဒီအသင်းကြီးက အများပြည်သူကို ကူညီပေးနေတာဆိုတော့ ဒီအသင်းကြီး ရေရှည်တည်တံ့ဖို့အတွက် သီလရှင်အနေနဲ့ လှူဖို့လို မယ်ဆိုတာ ကို တွေးမိတဲ့အတွက် အခုလိုအကြောင်းတိုက်ဆိုင်စွာနဲ့ လာလှူဖြစ်ခဲ့တာပါ” ဟု မိန့်ကြားခဲ့သည်။

တစ်ခေတ်တခါက ရုပ်ရှင်လောကမှာ တွဲဖက်ညီစွာ သရုပ်ဆောင်ခဲ့ဖူးတဲ့ တင့်တင့်ထွန်းနဲ့ ကျော်သူတို့ဟာ အခုအချိန်မှာတော့ ဆရာလေး နန္ဒမာလာ နဲ့ လူမှုအကျိုးပြု နာကူအသင်း ဥက္ကဌ ဦးကျော်သူအဖြစ်နဲ့ ပြန်လည်ဆုံဆည်းကြတာ ဖြစ်ပါတယ်။

ဆရာလေး နန္ဒမာလာဟာ လက်ရှိမှာ ပထမငယ်ဖြေဆိုထားတယ်လို့ သိရပါတယ်။

Photo Credit : နာရေးကူညီမှုအသင်း


05 May 2017     1,843 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment