BEC-TERO TV

ပဲခူးက မင်းမဲ့စရိုက်ဆန်စွာ တိုက်ခိုက်မှု

05 May 2017     1,403 Views


၎-၅-၂၀၁၇ ညက ပဲခူးမြို့တွင် ဦးထုပ်အနီရောင် ဆောင်းထားသူ ခေါင်းဆောင်လျက်
ဆိုင်ကယ်၎စီးဖြင့် မျက်နှာဖုန်းတပ် လူငယ် ဆယ်ယောက်ခန့်သည် လိပ်ပြာကန် အနီး တွေ့သမျှ လူများအား ဓားဖြင့်လိုက်လံ ထိုးရာလူအချို့ ဒဏ်ရာ ရရှိသွားကြောင်းသိရှိရသည်။

ထို့အပြင် မင်းလမ်းတွင် ဆိုင်ကယ်စီးလာသူ များအား ရိုက်နှက်ခြင်း၊ ဆိုင်ကယ်အား မီးရှို့ခြင်း၊ ၆ဘီးကားတစ်စီးအား တားပြီး ကားမှန်ကို သံတုတ်ဖြင့် ရိုက်ခွဲခြင်းများပြုလုပ်ခဲ့ကြောင်းပဲခူးသတင်းများအရသိရှိရသည်။အရိုက်ခံရသူများထဲမှ အနည်းဆုံး ၂ဦးမှာ ဆေးရုံတွင်တက်ရောက် ကုသမှုခံယူလျက်ရှိသည်။ည ၁၂း၃၀ ခန့်တွင် ကျူးလွန်သည့်အဖွဲ့မှ တစ်ယောက်အား ရှင်စောပုဝန်ထမ်း အိမ်ယာရှေ့တွင် ဖမ်းမိထားပြီး တယောက်မှာ ဘုရားကွင်းထဲ ဝင်ပြေးသွားကြောင်းနှင့်တာဝန်ရှိသူများက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း ပဲခူးသတင်းတွင်ဖော်ပြထားသည်။

 


05 May 2017     1,403 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS