BEC-TERO TV

သီချင်းဆိုတဲ့ဘက်မှာလဲ အားပေးပါဦးဆိုတဲ့ ပွင့်

05 May 2017     2,034 Views


၀၀ကစ်ကစ်နဲ့ ပရိသတ်အချစ်တော် ပွင့်က မေလ (၃) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့မွေးနေ့ကို ဆုတောင်းပေးခဲ့ကြတဲ့ မိတ်ဆွေတွေနဲ့ ပရိသတ်တွေကို သူ့လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုထားပါတယ်။

ဒါ့အပြင် အနုပညာလှုပ်ရှားမှုတွေ အားတက်သရောလုပ်ဆောင်နေတဲ့ ပွင့်က “အမြဲတမ်းလဲ အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးစားသွားပါ့မယ်ရှင့်။ သရုပ်ဆောင်တဲ့ဘက်မှာရော သီချင်းဆိုတဲ့ဘက်မှာရော presenterအဖြစ်ရော အမြဲတမ်းအားပေးပါလို့လည်း တောင်းဆိုပါရစေ” လို့ ပရိသတ်ကြီးကို တောင်းဆိုထားပါတယ်။

“ချစ်ပရိသတ်များအားလုံးလည်း ကျန်းမာ ချမ်းသာ ပျော်ရွှင်စွာဖြင့် ကောင်းကျိုးလိုရာ ဆန္ဒမှန်သမျှပြည့်ဝပါစေ”လို့ ပွင့်က ဆုတောင်းပေးထားပါတယ်။


05 May 2017     2,034 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment