BEC-TERO TV

လူတန်းစားအားလုံးအတွက် ရည်ရွယ်ထားတဲ့ ဒီးဒီရဲ့ ဟန်းမိတ် ဖိနပ်

05 May 2017     1,437 Views


ပရိသတ်အချစ်တော် အဆိုတော် စန္ဒီမြင့်လွင်က လူတန်းစားအားလုံးအတွက် ရည်ရွယ်ထားတဲ့ ဟန်းမိတ်ဖိနပ်တွေကို မေလကုန်မှာစပြီး ရောင်းချဖို့ စီစဉ်နေပါပြီ။ ဖိနပ်တွေကို ထိုင်းနဲ့ တရုတ်နိုင်ငံတွေကမှာယူပြီး မြန်မာမှာ ကိုယ်ပိုင်ဒီဇိုင်းဆန်းတွေနဲ့ ဟန်းမိတ်လုပ်ပြီး ရောင်းချမှာဖြစ်ပါတယ်။

ဒီးဒီက ကိုယ်တိုင်လဲ ဖိနပ်ကြိုက်ပြီး ဖိနပ်လုပ်တဲ့ သူငယ်ချင်းနဲ့ နှစ်ယောက်ပေါင်းပြီး ကွာလတီကို ဦးစားပေးတဲ့ ဖိနပ်တွေကို ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ ဒီးဒီက ဈေးအမြင့်ကြီး မဟုတ်ဘဲ ပရိသတ်တွေရော ၊ ရုံးသမားတွေပါ စီးနိုင်မယ့် ရှုးဖိနပ်ပုံစံလေးတွေကို ရောင်းချပေးမှာဖြစ်ပြီး ကိုယ်တိုင်လည်း စီးမှာဖြစ်တယ်လို့ ဒီးဒီက ပေါ်ပြူလာဂျာနယ်က သတင်းတစ်ပုဒ်မှာ ဖြေဆိုထားပါတယ်။

ကိုယ်ပိုင်နာမည်နဲ့ထုတ်မှာ ဖြစ်တာကြောင့် ကွာလတီပိုင်းကို အထူးဦးစားပေးထားပြီး အခုလို စီးပွားရေးလုပ်ဖို့စီစဉ်နေတာလဲ တစ်နှစ်လောက်ရှိပြီလို့ သိရပါတယ်။ စန္ဒီမြင့်လွင်က အရင်ဆုံး အမျိုးသမီး ဖိနပ်များကို ထုတ်လုပ်မှာဖြစ်ပြီး အမျိုးသားဖိနပ်များ ၊ အိတ်နဲ့ တခြားပစ္စည်းများကိုလဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။ မေလကုန်မှာ အွန်လိုင်းကနေ အရင်ဖြန့်မှာဖြစ်တယ်လို့ သိရပါတယ်။

Source : Popular Journal


05 May 2017     1,437 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Reality Show