BEC-TERO TV

မန္တလေးမှာ ယခုနွေ မီးထပ်မပြတ်နိုင်တော့

05 May 2017     1,447 Views


ပုံမှန်အားဖြင့် ဧပြီနဲ့ မေလတွေမှာ မီးပြတ်တောက်မှုတွေ ဖြစ်ပေမယ့် ဒီနှစ်မှာ လက်ရှိ မိုးအကျစောတဲ့အတွက် မန္တလေးမှာ မီးပြတ်မှာကို စိုးရိမ်စရာမလိုတော့ဘူးလို့ မန္တလေးမြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကော်မရှင်က ပြောပါတယ်။

ယခင်နှစ်က မေလ ၁၄ ရက်မှာ မိုးရွာခဲ့တဲ့အတွက် မီးပြတ်တဲ့အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့သလို ဒီနှစ်လဲ မိုးကျစောတဲ့အတွက် စိုးရိမ်မှုမရှိပေမယ့် ဓာတ်အားလိုင်းပြင်ဆင်တာတွေကြောင့်တော့ ခေတ္တခဏ ပြတ်တောက်တာ ရှိနိုင်တယ်လို့ The Voice က သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

မန္တလေးတိုင်းမှာ လူဦးရေ ငါးသိန်းကျော် လျှပ်စစ်မီး သုံးစွဲနေပြီး နှစ်စဉ် ဓာတ်အားလိုအပ်ချက် ၁၅ ရာခိုင်နှုန်း တိုးပွားလျက်ရှိတယ်လို့ သိရပါတယ်။

Source : The Voice


05 May 2017     1,447 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS