BEC-TERO TV

ပန်းခြံထဲမှာ အက်ဆစ်နဲ့ အပက်ခံရတဲ့ လှပျိုဖြူ

05 May 2017     1,312 Views


သူမအမည်ကတော့ Sarah Bryan ပါ။ တစ်နေ့သူမ  ပန်းခြံထဲမှာ အလှပုံရိုက်ဖို့ ပြင်ဆင်နေချိန် လူတစ်ယောက်သူ့ထံပြေးလာပါတယ်။ဒါကိုသူတွေ့ပါတယ်။အဲ့နေ့က Sarah Bryan ၀တ်ထားတာကတော့ ပန်းရောင်ဂါဝန်အတိုလေးနဲ့ပါ။ပြေးလာတဲ့သူက ပါးစပ်ကနေ အော်ဟစ်သွားတာက “ပြည့်တန်ဆာ”ဆိုပြီးတော့ သူ့ကိုကျော်ဖြတ်ပြေးထွက်သွားပါတယ်။ဒါပေမယ့်အရည်လို့ယူဆရတဲ့ အရည်တစ်မျိုးကို ခွက်ထဲကနေ Sarah Bryan ကိုပတ်သွားပါသေးတယ်။

ပထမတော့ရိုးရိုးရေ ထင်ပေမယ့်နောက်မှ ပူလာတဲ့အခါ ကြည့်မိတော့ အနီရောင်အရည်တွေဖြစ်သလို အသားအရည်လောင်ကျွမ်းမှုကိုပါခံစားလာရပါတယ်။ နောက်မှ ပူလောင်မှုဒဏ်နဲ့လောင်းကျွမ်းလာတဲ့ အသားအရေကိုကြည့်ပြီး ရုတ်တရက် အံ့အားသင့်ပေမယ့်အဲ့အချိန်တွေကိုတော့ ဘယ်တော့မှာ မမေ့ပါဘူးလို့ Sarah Bryan က The Sun ကို ပြောခဲ့ပါတယ်။အက်ဆစ်နဲ့အပက်ခံရတဲ့ Sarah Bryan ခြေထောက်မှာ အက်ဆစ်ကြောင့် အမာရွတ်အချို့ကျန်ရစ်ပြီးလက်ရှိမှာတော့ ဆေးကုသမှုခံယူနေပါတယ်။

သူ့ကိုဘာကြောင့်အက်ဆစ်နဲ့ပက်ခဲ့ရသလဲဆိုတာမသိသလို၊အဆိုပါလူကိုလည်းမသိ၊မမှတ်မိ၊အရေးမယူရသေးဘူးလို့ Sarah Bryan ကဆိုပါတယ်။ အခုလိုဖြစ်ရတာက အွန်လိုင်းပေါ်က အမုန်းပွားစကားနဲ့အွန်လိုင်းပေါ်က ခြိမ်းခြောက်မှုတွေကြောင့် Sarah Bryan ကို အက်ဆစ်နဲ့ပက်တာဖြစ်နိုင်ချေရှိတယ်လို့ Sarah Bryan ကမှတ်ယူထားပါတယ်။

 


05 May 2017     1,312 Views




RELATED

Most Popular of International News

Most Popular of NEWS