BEC-TERO TV

၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ကို Max Cement ကုမ္ပဏီမှ ပံ့ပိုးမည်

05 May 2017     1,467 Views


ကျင်းပလျှက် ရှိသည့် ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ၏ ဒုတိယအကျော့ ပွဲစဉ်များကို Max Myanmar Manufacturing Co.Ltd ၏ ထုတ်ကုန် တစ်ခုဖြစ်သည့် MAX CEMENT မှ Title Sponsor အဖြစ် ပံ့ပိုးပေးသွားမည် ဖြစ်သည်။သို့ဖြစ်ရာ ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို MNL MAX CEMENT 2017 ပြိုင်ပွဲဟု ဒုတိယအကျော့ ပွဲစဉ်များမှ စတင်ကာ ပြောင်းလဲခေါ်ဆို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။လက်ရှိမြန်မာနေရှင်နယ်လိဂ်တွင် အသင်းပေါင်း (၁၂) သင်းယှဉ်ပြိုင်ကစားလျှက်ရှိသည်။သို့ဖြစ်ရာ နိုင်ငံ၏ ဘောလုံးအဆင့်အတန်း တိုးတက်ရေး အတွက် အရေးပါလှသည့် လိဂ်ပြိုင်ပွဲကြီးတစ်ရပ် ဆက်လက် တည်ရှိနိုင်ရေး အတွက် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌမှ ပံ့ပိုးပေးရန် ဆုံးဖြတ်ခဲ့သည်။

 

 

ထို့နောက်ဧပြီလအတွင်းက ပြုလုပ်ခဲ့သည့် လိဂ်ကော်မတီ အစည်းအဝေးတွင် လက်ကျန် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ အတွက် ငွေကျပ်သိန်း ၅၀၀၀ ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း တရားဝင် ပြောကြားခဲ့ကာ ယခုကဲ့သို့ Max Cement က Title Sponsor အဖြစ် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို ယခင်က မြန်မာဘီယာ၊ အူရီဒူး အစရှိသည့် ကုမ္ပဏီများမှ အဓိက ပံ့ပိုးသူများအဖြစ် ပံ့ပိုးခဲ့ကြပြီး ၂၀၁၆ ဘောလုံးရာသီ အပြီးတွင် အူရီဒူးနှင့် လက်တွဲဖြုတ်ခဲ့ပြီးနောက် မြန်မာနေရှင်နယ်လိဂ် အနေဖြင့် စပွန်ဆာ ရရှိရန် ရုန်းကန်ခဲ့ရကြောင်းသိရှိရသည်။


05 May 2017     1,467 Views




RELATED

Most Popular of Football

Most Popular of Sport