BEC-TERO TV

ဧရာနဲ့ ရန်ကုန် အရှုံးမပေး အမှတ်လုမယ့် မြန်မာနေရှင်နယ်လိဂ်

05 May 2017     1,643 Views


မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲရာသီဝက် ပြီးဆုံးသွားခဲ့တဲ့နောက် သင်္ကြန်ကာလ မတိုင်ခင်ကတည်းက ရပ်နားထားခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကြီးဟာ ခုတစ်ပတ်မှာ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။

ခုတစ်ပတ် ကျင်းပမယ့် ပွဲစဉ် ၁၂ မှာ ပွဲကောင်းတွေလည်း များစွာ ပါဝင်နေပါတယ်။ ဒီပွဲတွေကတော့ တောင်ကြီးကွင်းမှာ ကစားမယ့် ရှမ်းယူနိုက်တက်နဲ့ ဇွဲကပင် ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်၊ ပုသိမ်မြို့မှာ ယှဉ်ပြိုင် ကစားကြမယ့် ဧရာဝတီ ယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်၊ တောင်ငူမြို့က ဟံသာဝတီ ယူနိုက်တက်နဲ့ ရခိုင်ယူနိုက်တက်တို့ ပွဲစဉ်တွေနဲ့ မန္တလေးမြို့ မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင် ကစားကြမယ့် ရတနာပုံအသင်းနဲ့ မကွေးအသင်း တို့ရဲ့ ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ဘယ်မြို့ခံကို အားပေးကြမလဲ….

ကစားမည့်ပွဲစဉ်တွေထဲက၃ ပွဲကို For Sports နဲ့ MRTV တို့က ပြသသွားမှာ ဖြစ်ကာ ဧရာဝတီနဲ့ ရန်ကုန်တို့ရဲ့ ပွဲစဉ်ကို မြန်မာနေရှင်နယ်လိဂ် ပေ့ခ်ျကနေ တိုက်ရိုက် (FB Live) ပြသ ပေးသွားမှာ ဖြစ်ပါတယ်။

 


05 May 2017     1,643 Views




RELATED

Most Popular of Football

Most Popular of Sport