BEC-TERO TV

အော်ဟစ်သံကြောင့် လွတ်မြောက်လာတဲ့ ပြန်ပေးဆွဲခံအမျိုးသမီးငယ်

05 May 2017     1,388 Views


ဒီဖြစ်စဉ်ကရုပ်ရှင်ထဲမှာပဲရှိမယ်ထင်ထားပေမယ့်လက်တွေ့အပြင်မှာသတင်းဖတ်လိုက်ရတဲ့အခါ တော်တော်လေး ခြောက်ခြားသွားပါတယ်။ ဖြစ်စဉ်ကတော့ပြန်ပေးဆွဲခံအမျိုးသမီးကိုဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကတော့ ဂိုထောင်အောက်က နှစ်ပေပတ်လည်အခန်းသေးထဲမှာပါ။ပြန်ပေးဆွဲသူအမည်ကတော့ Dennis Dunnဖြစ်ပြီး Jennifer Elliot ကိုနှစ်သက်လို ကိုယ်ပိုင်ဖြစ်စေရန် ရည်ရွယ်ချက်နဲ့ပြန်ပေးဆွဲခဲ့တာပါ။ ပြန်ပေးဆွဲပြီးနောက် “ငါမင်းကို ချစ်တယ် ” ဆိုပြီး  Dennis Dunn က Jennifer Elliot ကိုပြောဆိုကာ တံခါးပိတ်အပြီးသိမ်းလိုက်ပါတယ်။

ဖြစ်ပွားရာနေရာကတော့အမေရိကန်ပြည်ထောင်စု၊အိုဟိုင်းယိုပြည်နယ်မှာပါ။ Jennifer Elliot ကို အိမ်ခြံမြေအတွင်းရှိ ဂိုထောင်အောက်က ၂ပေပတ်လည် တွင်းထဲမှာ ရှာဖွေတွေ့ရှိပြီးနောက်ပိုင်း ဧပြီ ၂၆ ရက်နေ့မှာပဲ Dennis Dunn ကိုဖမ်းဆီရမိခဲ့တာပါ။ “ငါ သတိထားမိတာကတော့ ငါ့အိမ်မှာငါမရှိတော့ဘူး၊စီးကရက်အနံရတယ်။နောက်တစ်ခုက ငါကအမှာင်တွင်းထဲမှာရယ်လွတ်မြောက်ဖို့မရှိတော့ဘူးဆိုတာရယ်ပေါ့"လို့ Jennifer Elliot ကဆိုပါတယ်။

နှစ်နာရီကြာအော်ဟစ်အကူအညီတောင်းပြီးနောက်ပိုင်း အိမ်နီးချင်းက Jennifer Elliot အော်ဟစ်သံကြားမိတဲ့အခါ ရဲတပ်ဖွဲ့ကို အကူအညီတောင်း ကာ Jennifer Elliot ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့Dennis Dunn ကို ရုံးတင်စစ်ဆေးသွားမယ်လို့သိရပါတယ်။


05 May 2017     1,388 Views




RELATED

Most Popular of International News

Most Popular of NEWS