BEC-TERO TV

အိမ်ကွင်းမှာ မန်ယူကို အနိုင်ယူခဲ့တဲ့အာဆင်နယ်

08 May 2017     1,334 Views


ပရီးမီးယားလိဂ်ပွဲစဉ်(၃၆)မှာတော့ အာဆင်နယ်က အိမ်ကွင်းမှာ မန်ယူကို(၂-၀)ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့တယ်။ မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာဒီပွဲမှာ လူငယ်နောက်ခံ လူ တွမ်ဇီဘီ တစ်ဦးကလွဲပြီး ရွန်နီ၊ မစ်ခီတာရီယန်၊ မာတာ၊ မာစီယဲလ် စတဲ့ ကစားသမားအစုံအလင်ထုတ်သုံးခဲ့ပါတယ်။ အာဆင်နယ်အသင်းနည်းပြအာစင်ဝင်းဂါးကလည်း အခုနောက်ပိုင်း အသုံးပြုနေတဲ့ (၃-၄-၃)ပုံစံနဲ့ပဲ ပွဲထွက်ခဲ့တယ်။

အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို ဒုတိယပိုင်း (၅၄)မိနစ်မှာ ကွင်းလယ်လူ ချာကာရဲ့ အဝေးကန်ချက် ဟာရဲရားနဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားတာပါ။အဖွင့်ဂိုးရပြီး (၃)မိနစ်လောက်အကြာမှာပဲ အာဆင်နယ် ဒုတိယဂိုး ထပ်ရခဲ့တယ်။ ချိန်ဘာလိန်ရဲ့ဖြတ်တင်ဘောကို ၀ဲလ်ဘတ်က ခေါင်းတိုက်သွင်းခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ လက်ကျန်(၄)ပွဲကစားဖို့ရှိနေလို့ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက် ရှင်သန်လာခဲ့ပေမယ့်မန်ယူအသင်းကတော့ လိဂ်ပြိုင်ပွဲ(၂၅)ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ရပ်တန့်သွားသလို မော်ရင်ဟိုအတွက် ပရီးမီးယားလိဂ်မှာ အာစင်ဝင်းဂါးကို ပထမဆုံး ရှုံးနိမ့်ခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။


08 May 2017     1,334 Views




RELATED

Most Popular of Football

Most Popular of Sport