BEC-TERO TV

ရန်ငြိုးဖြင့် ဝိုင်းချုပ်ကာ အဆိပ်ကျွေးခဲ့သဖြင့် အထက်တန်းကျောင်းသားတစ်ဦး သေဆုံး

08 May 2017     1,255 Views


မလေးရှားနိုင်ငံတွင် အထက်တန်းကျောင်းသားတစ်ဦးအား တစ်ကျောင်းထဲအတူတက်နေသည့် ကျောင်းသား ၃ ဦးမှ ဝိုင်းချုပ်ကာ အဆိပ်ကြွေးခဲ့သဖြင့် အသက် ၁၅ နှစ်အရွယ်ကျောင်းသားတစ်ဦး မေလ ၂ ရက်နေ့က သေဆုံးသွားခဲ့သည်။
 
ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့က မလေးရှားနိုင်ငံ Nilai မြို့ရှိ အထက်တန်းကျောင်းတွင် အသက် ၁၅ နှစ်အရွယ် S Pravin ဆိုသူကျောင်းသားတစ်ဦးကို ကျောင်းသား သုံးဦးက ဝိုင်းချုပ်ကာ ပါးစပ်အတွင်းသို့ ပိုးသတ်ဆေးကို အတင်းကြွေးကာမျိုချစေခဲ့ခြင်းဖြစ်သည်။
 
နောက်တစ်ရက်တွင် မူးဝေခြင်း၊ အော့အန်ခြင်း ဝေဒနာများကို ခံစားခဲ့ရသော်လည်း မိဘများအား ဖွင့်မပြောပဲနေခဲ့သည်။ မိဘများက ယင်းအခြေနေများကို သိရှိသွားချိန်တွင် ဆေးရုံသို့ အမြန်တင်ပို့ခဲ့ကြသော်လည်း မေလ ၂ ရက်နေ့က ဆေးရုံပေါ်တွင် ကွယ်လွန်သွားခဲ့သည်။ 
 
 
ပြစ်မှုကျူးလွန်ခဲ့သော ကျောင်းသားများကို စစ်ဆေးခဲ့ရာ ကျောင်းထဲတွင် စည်းကမ်းမဲ့ နှပ်ညှစ်ချခဲ့သည်ကို သေဆုံးခဲ့သော ကျောင်းသားက တွေ့ခဲ့ပြီးနောက် သူတို့ သုံးဦးကို ဆူပူပြောဆိုခဲ့သဖြင့် မကျေမနပ်ဖြစ်ကာ လက်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
 

08 May 2017     1,255 Views




RELATED

Most Popular of International News

Most Popular of NEWS