ဒွေးရဲ့ရုပ်ထု အသစ်လဲဖို့ ပိုက်ဆံစုထားတဲ့ ဇွဲနိုင်ဝင်း
08 May 2017 1,986 Views

မိသားစုဝင်တွေအပြင် ဒွေးနဲ့ပတ်သတ်ပြီး အမြဲတမ်းသတိတရရှိနေသူဖြစ်တဲ့ ဇွဲနိုင်ဝင်းက ဒီနှစ်မှာ ဒွေးရဲ့ရုပ်ထုကို အသစ်လဲဖို့ သူ့ရဲ့လုပ်အားခထဲကနေ သပ်သပ်ဖယ်ပြီး စုထားသူဖြစ်ပါတယ်။
ဒွေးရဲ့ရုပ်ထုလဲဖို့အတွက် ဒွေးရဲ့ဇနီးဖြစ်တဲ့ မမိုးထံမှ ခွင့်ပြုချက်တောင်းယူပြီး ဆရာအောင်ကျော်ထွန်းဆီမှာ ရုပ်ထုသစ် အပ်ထားပါတယ်။
ဒါ့အပြင် မနေ့က ကျရောက်ခဲ့တဲ့ ဒွေးရဲ့ ၅၁ နှစ်ပြည့်မွေးနေ့မှာလဲ တတ်နိုင်တဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးခဲ့ပါတယ်။




Source : ဇွဲနိုင်ဝင်း ဖေ့စ်ဘွတ်





