BEC-TERO TV

အလှဖျက်နေတဲ့ ဗောက်တွေကို အပြတ်ရှင်းဖို့ နည်းလမ်း

08 May 2017     1,397 Views


အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ဆံကေသာ ကောင်းခြင်းဟာ အလှကျက်သရေ တစ်ပါးပါပဲ။ ဆံကေသာကောင်းဖို့ဆို ဦးရေပြား ကျန်းမာကောင်းမွန်ဖို့ကလဲ အဓိကကျပါတယ်။ ဆံကေသာကို အဓိက အလှပျက်စေတာကတော့ ဗောက်ပါပဲ။
 
အရေပြားအဆီ ၊ မှိုပိုး ၊ ရာသီဥတုပူပြင်းပြီး ချွေးထွက်များခြင်းနဲ့ ခေါင်းလိမ်းအဆီ ၊ ဂျယ် တစ်မျိုးမျိုးနဲ့ မတည့်ခြင်း စတဲ့အကြောင်းအရင်းတွေကြောင့် ဗောက်ဖြစ်စေပါတယ်။
 
အကြောင်းရင်းတွေ သိရပြီဆိုတော့ ဗောက်ထနေလို့ စိတ်ညစ်နေရသူတွေအတွက် အကြံကောင်းလေးတွေ ပေးချင်ပါတယ်။
 
များသောအားဖြင့်တော့ ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည် ကောင်းကောင်းသုံးပေးရင်ပျောက်ပါတယ်။ Salicylic acid နဲ့ Zinc Pyrithione ပါတဲ့ ခေါင်းလျှော်ရည်တွေ သုံးပေးနိုင်ပါတယ်။
 
အိမ်သုံးနည်းနဲ့ပဲ အလွယ်တကူ အိမ်မှာ ဗောက်ပျောက်ချင်ရင်တော့ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၊ ရေ လက်ဖက်ရည်ဇွန်း ၆ ဇွန်းကို ရောစပ်ပြီး ညအိပ်ရာမဝင်ခင် ခေါင်းအနှံ့ သုတ်လိမ်းပေးပါ။ မနက်ကျရင်ခေါင်းလျှော်ပစ်ပါ။ ပြီးရင် ရှာလကာရည် နည်းနည်းလိမ်းပေးထားပါ။ တစ်ပတ်တစ်ခါ သုံးလတိတိ လုပ်ပေးပါ။
 
နောက်တစ်နည်းကတော့ ကြက်ဥ နှစ်လုံးကို ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက် ရောပြီး လိမ်းပေးပါ။ ဒိန်ချဉ်လဲလိမ်းလို့ရပါတယ်။ ဒိန်ချဉ်သပ်သပ် လိမ်းပေးခြင်းအားဖြင့်လဲ ဗောက်တင်မက ဆံသားကိုပါ တောက်ပြောင်စေပါတယ်။
 
ဗောက်ကင်းပြီး ရှင်းသန့်တဲ့ အလှတရားကို ပိုင်ဆိုင်နိုင်ကြပါစေ …

08 May 2017     1,397 Views




RELATED

Most Popular of Health Fix

Most Popular of Life Style