BEC-TERO TV

ဆေးလိပ်သောက်တာထက် လည်ချောင်းကင်ဆာကို ပိုဖြစ်စေတဲ့အရာ

08 May 2017     1,367 Views


ဆေးလိပ်သောက်တာထက်တောင် လည်ချောင်းကင်ဆာကို ပိုမိုဖြစ်စေနိုင်တဲ့အရာက ပါးစပ်နဲ့ လိင်ဆက်ဆံတာပါ။
 
ပါးစပ်နဲ့ လိင်ဆက်ဆံတာကြောင့် HPV ( Human Papillomavirus ) ပိုးဟာ ခံတွင်းအတွင်း ရောဂါပိုးကို ကူးစက်ပျံ့ပွားစေပြီး လည်ချောင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။
 
အင်္ဂလန်နိုင်ငံ Dailymail သတင်းတစ်ရပ်မှာ အခုလို ပါးစပ်နဲ့ လိင်ဆက်ခံခြင်း ၊ နမ်းငုံခြင်းတို့ကြောင် ့ အသက် ၅၀ အောက်အရွယ်တွေမှာ လည်ချောင်းကင်ဆာဖြစ်ရခြင်းရဲ့ အကြောင်းတရားထဲမှာ ပါဝင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
 
မိမိချစ်သူ ဒါမှမဟုတ် လိင်ဆက်ဆံဖော်မှာ ဒီပိုးရှိနေတယ်ဆိုရင် ပါးစပ်နဲ့ဆက်ဆံတဲ့ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ လည်ချောင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။
 
ဒီလိုဆက်ဆံခြင်းဟာ အွန်လိုင်းပေါ်မှ မဖွယ်မရာ ဗီဒီယိုကလစ်တွေကြောင့် လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အလေ့အထတစ်ခု ဖြစ်နေပြီး သဘာဝမဟုတ်တဲ့ ဆက်ဆံမှုမျိုးကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။
 
Source : ကျန်းမာရေးစာတိုများစုစည်းမှု
 

08 May 2017     1,367 Views




RELATED

Most Popular of Health Fix

Most Popular of Life Style