BEC-TERO TV

နောက်ကွယ်မှာ ချစ်ဇာတ်လမ်းခင်းနေတဲ့ ဇနီးသည်ကို ငရုတ်သီးထိုးသွင်း လက်စားချေခဲ့တဲ့ ခင်ပွန်း

08 May 2017     2,575 Views


များသောအားဖြင့် ချစ်သူစုံတွဲ၊ လင်မယားတွေရဲ့ လမ်းခွဲရခြင်းအစက တစ်ဦးကတစ်ဦးအပေါ် မရိုးမသား လိမ်ညာဖုံးကွယ်ထားခြင်းကလို့ပဲဆိုရပါမယ်။ လိမ်ညာတယ်ဆိုတဲ့ နေရာမှာ သူတစ်ပါးမထိခိုက်အောင် လိမ်ညာခြင်းနဲ့ ကိုယ့်ရဲ့ အပြစ်ကို ဖုံကွယ်ခြင်းဆိုပြီး ရှိတတ်ပါတယ်။ 
 
အဖြူရောင်မုသား (white lies) က ရှင်းရတာလွယ်ပေမယ့် ဒုတိယလိမ်ညာခြင်းမျိုးကို သိရှိသွားတဲ့အခါမှာတော့ ခွင့်လွှတ်ရန် ခက်ခဲပြီး ပြဿနာတွေ တက် တက်ကြပါတယ်။
 
 
 
ယခုလည်း ခင်ပွန်းသည်ရဲ့ နောက်ကွယ်မှာ အချစ်ဇာတ်လမ်းတစ်ခုဖြစ်နေတဲ့ ဇနီးသည်ရဲ့ လိမ်ညာမှုကို သိရှိသွားတဲ့အခါမှာတော့ ရက်ရက်စက်အပြစ်ပေးပါတော့တယ်။ ပူစပ်လွန်းတဲ့ ငရုတ်သီးအနေီတောင့်တွေကို ပါးပါး ပါးပါးလှီးပြီး လက်အိပ်ဝတ်ပြီးလက်ထဲမှာ ဆုတ်ကိုင်လာကာ အိပ်ပျော်နေတဲ့ ဇနီးသည်ရဲ့ အမျိုးသမီးအင်္ဂါထဲကို အတင်းထိုးသွင်းခဲ့ပါတယ်။ ရုန်းကန်တဲ့အခါ မျက်နှာကို ဖြတ်ရိုက်ပြီး ခပ်ကြမ်းကြမ်း လက်စားချေခဲ့တဲ့ ခင်ပွန်းသည်ရဲ့ လုပ်ရပ်ကို Kabet. ဆိုတဲ့ ဖေ့စ်ဘွခ်အသုံးပြုသူက အွန်လိုင်ပေါ်တင်ခဲ့ပါတယ်။
 
 
ခင်ပွန်းသည်ရဲ့  လက်စားချေတဲ့ လုပ်ရပ်အပေါ် ကြမ်းတမ်းရက်စက်လွန်းတယ်ဟု ဝေဖန်ခဲ့ကြပါတယ်။ မိတ်ဆွေတို့ရော ဘယ်လိုများထင်မြင်မိပါသလဲ…။

08 May 2017     2,575 Views




RELATED

Most Popular of Special or Others

Most Popular of NEWS