BEC-TERO TV

ဇွန်လကုန် ရုံတင်မယ့် အချစ်ဇာတ်ကား "၀ိညာဉ်ကကြိုး"

08 May 2017     2,174 Views


ဆရာမ ပုညခင် ရဲ့ နာမည်ကြီးဝတ္ထုကို ဒါရိုက်တာ စတီးလ်က ရိုက်ကူးထားတဲ့ “၀ိညာဉ်ကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လကုန်မှာ ရုံတင်တော့မှာပါ။
 
၀ိညာဉ်ကကြိုး ရုပ်ရှင်ဇာတ်ကားမှာ အောင်ရဲလင်း ၊ သင်ဇာဝင့်ကျော်နဲ့ ရွှေမှုန်ရတီတို့က ပါဝင်သရုပ်ဆောင်ထားပြီး ခရေဖြူ ထုတ်လုပ်ရေးက ထုတ်လုပ်ထားပါတယ်။
 
ဒီရုပ်ရှင်ဇာတ်ကားထဲမှာတော့ အောင်ရဲလင်း ၊ ရွှေမှုန်ရတီ နဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ အချစ်တိုက်ပွဲကို ရှုစားရမှာပါ။
 
၀ိညာဉ်ကကြိုးအတွက် အမြည်းလေးပေါ့ …

“အချစ် နဲ့ စစ် မှာ မတရားဘူး ဆိုတဲ့စကားကို ဘယ်သူကများ စပြောခဲ့ပါလိမ့် …”

“အချစ် နဲ့ စစ် မှာ မတရားတာမရှိဆိုတာဟုတ်ရဲ့လား
သူများချစ်ခြင်းကိုခွဲ သူများနှလုံးသားကိုလုယူရလောက်အောင်
ချစ်ခြင်းတရားတွေက ကြီးမားနေလေသတဲ့လား”

“ခေတ် ငါ့ကိုချစ်သည်ဖြစ်စေ မချစ်တော့သည်ဖြစ်စေ
ငါ ခေတ်အပေါ်ကို ချစ်တဲ့အချစ်က
မြူမှုန်တစ်မှုန်တောင် လျော့မသွားဘူး နင်ရှင်းလား” သစ်ခက်ညို

“အချစ်ဆိုတာ ကြားလူတစ်ယောက်က တားဆီးတိုင်း
ကိုယ်ချစ်တဲ့သူဆီ ဆက်ပြီး မစီးဆင်းဘဲမနေဘူး
စီးနေတဲ့ရေကို တားလိုက်ရင်
ရေစီးတောင် ပိုသန်လာဦးမယ်”

 


08 May 2017     2,174 Views




RELATED

Most Popular of Movies

Most Popular of Entertainment