အမျိုးသမီး စူပါဟီးရိုး Wonder Woman ရဲ့အမိုက်စား နမူနာဗီဒီယိုအသစ်
08 May 2017 1,665 Views
ဒါရိုက်တာ Patty Jaenkins ရိုက်ကူးပြီး Gal Gadot, Chris Pine, Connie Nielsen နဲ့ Robin Wright တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Wonder Woman ရုပ်ရှင်ဇာတ်ကားရဲ့ နမူနာဗီဒီယိုသစ် ထပ်မံထွက်ရှိလာပါပြီ။
Warner Bros နဲ့ DC တို့ ပူးပေါင်းရိုက်ကူးထားတဲ့ မင်းသမီး Gadot ရဲ့ တစ်ကိုယ်တော် သီးသန့်စွန့်စားခန်း ရုပ်ရှင် နမူနာဗီဒီယိုကို MTV Movie & TV Awards ဆုပေးပွဲမှာ ပြသခဲ့တာ ဖြစ်ပြီး အရင်က အရင်က MTV ဆုပေးပွဲတွေမှာ အခုလို နမူနာသစ်ပြသခြင်း မပြုလုပ်ခဲ့ဖူးဘူးလို့လဲ သိရပါတယ်။
Wonder Woman မင်းသမီး Gal Gadot ကတော့ အစ္စရေး မင်းသမီးတစ်လက်ဖြစ်ပြီး အသက် ၃၂ နှစ် ရှိပြီ ဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကိုတော့ ဇွန်လမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။