ဂျိုလီနဲ့ကွာရှင်းပြီးနောက် ဘရက်ပစ် ပထမဆုံးလုပ်တဲ့ ကိစ္စ
09 May 2017 1,837 Views
ဟောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင် ဘရက်ပစ်က သူဟာ အိန်ဂျလီနာ ဂျိုလီနဲ့ ကွာရှင်းပြတ်စဲပြီးနောက်ပထမဆုံးအနေနဲ့ အရက်ကိုလည်းဖြတ်လိုက်သလို ဆေးကုသမှု ခံယူနေရကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


သူဟာ အရင်တုန်းက အရက်အလွန်အကျွံသောက်ခဲ့သလို ဆေးလိပ်တွေလည်း အများအပြား သောက်ခဲ့ကြောင်း ၀န်ခံထားပြီး အခုချိန်မှာတော့ အားလုံးကို ဖြတ်လိုက်ပြီလို့ ဆိုပါတယ်။ ဒီကွာရှင်းပြတ်စဲမှုအပေါ် အလွန်ခံစားရပြီး အခုချိန်မှာတော့ ပိုမိုကောင်းမွန်လာသလို ရှိတယ်လို့ ဘရက်ပစ်က ပြောကြားခဲ့ပါတယ်။၂၀၁၆စက်တင်ဘာမှာတော့ ဂျိုလီက ဘရက်ပစ်နဲ့ ကွာရှင်းပြတ်စဲဖို့ တရားရုံးကို လျှောက်ထားခဲ့ပြီးနောက် တရားဝင်ကွာရှင်းပြတ်စဲခဲ့ကြတာပါ။





