BEC-TERO TV

မှော်ဆန်တဲ့ အရေးသားတွေပါမယ့် ပိုပိုရဲ့ ကဗျာစာအုပ်

09 May 2017     1,793 Views


သီချင်းအဆိုကောင်းတဲ့ အဆိုတော်တစ်ယောက်အဖြစ်သာမက သီချင်းရေးကျွမ်းကျင်တဲ့ တေးရေးဆရာမလေးလဲဖြစ်တဲ့ ပိုပိုက ကဗျာကို ချစ်မြတ်နိုးသူတစ်ဦးပါ။

ကဗျာချစ်တဲ့ ပိုပိုစီစဉ်တဲ့ ကဗျာစာအုပ်လေးကတော့ အကောင်အထည်ပေါ်လာပြီလို့ ပိုပိုက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှထားပါတယ်။

ပိုပိုရဲ့ကဗျာစာအုပ်ထဲမှာဆိုရင် ပိုပိုအပြင် ဂီတ၊ ရုပ်ရှင် ဖန်တီးသူတို့ရဲ့ ကဗျာတွေလဲ ပါဝင်ပါတယ်။ ခန့်စည်သူ ၊ စိုးမြတ်သူဇာ ၊ ဗေလုဝ ၊ ညီမင်းခိုင် ၊ နေတိုး ၊ လင်းနစ် အစရှိတဲ့ နာမည်ကျော်စတားများစွာ ပါဝင်ရေးသားထားပါတယ်။

မှော်ဆရာမ စာပေကနေပထမဆုံး ထွက်ရှိမယ့် ကဗျာစာအုပ်လေးလဲ ဖြစ်ပါတယ်။

Source : ပိုပိုဖေ့စ်ဘွတ်


09 May 2017     1,793 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment