BEC-TERO TV

ချန်ပီယံဖြစ်ဖို့ပိုနီးစပ်လာတဲ့ ချယ်လ်ဆီး၊မစ်ဒယ်ဘရော့ ပရီးမီးယားလိဂ်ကို နှုတ်ဆက်

09 May 2017     1,304 Views


ယနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက အိမ်ကွင်းမှာပဲ တန်းဆင်းဇုန်ရောက် မစ်ဒယ်ဘရော့အသင်းကို ဂိုးပြတ်နိုင်ပွဲနဲ့အတူ ချန်ပီယံဖြစ်ဖို့ခြေတစ်လှမ်းထပ်မံတိုးလိုက်ပါပြီ။ချယ်လ်ဆီးအသင်းက ဒဏ်ရာရနေတဲ့ ကွန်တေကလွဲရင် လူစုံထုတ်ပြီး အနိုင်ရဖို့ ကြိုးစားခဲ့ပါတယ်။ မစ်ဒယ်ဘရော့အသင်းမှာလည်း နီဂရီဒို၊ ဒေါင်းနင်း၊ ထရာအိုရေးတို့ ဦး ဆောင်ခဲ့ပေမယ့်တိုက်စစ်အခွင့်အရေးတောင် မရသလောက်ဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ဖာဘရီဂတ်စ်ရဲ့ တိကျတဲ့ပေးပို့မှုတွေ၊ မိုဆက်စ်၊ ပတ်ဒရို၊ ဟာဇက်တို့ရဲ့ တိုးအားတွေနဲ့ တောက်လျှောက်ဖိ အားပေးကစားသွားခဲ့ပါတယ်။


(၂၃)မိနစ်မှာပဲ ဖာဘရီဂတ်စ်ရဲ့ပေးပို့မှုကနေ ဒီယေဂိုကော်စတာက အနီးကပ်ကန်သွင်းကာ ချယ်လ်ဆီးအသင်း အဖွင့်ဂိုးရရှိခဲ့ပါတယ်။ဒုတိယဂိုးကိုတော့ (၃၄) မိနစ်မှာ မားကို့စ်အလွန်ဆိုက အက်ဇ်ပီလီ ကွယ်တာရဲ့ဖန်တီးပေးမှုကနေ သွင်းယူခဲ့တာပါ။(၆၅)မိနစ်မှာတော့ မာတစ်က တတိယဂိုး ထပ်သွင်းခဲ့ပြီး ချယ်လ်ဆီးအသင်း ဂိုးပြတ်နိုင်ပွဲနဲ့ စပါးကို(၇) မှတ်ဖြတ်နိုင်ခဲ့ပါပြီ။မစ်ဒယ်ဘရောကတော့ တန်းဆင်းသွားရတော့ဆန်းဒါလန်အပါအ၀င် အခုဆိုရင် တန်းဆင်းနှစ်သင်းထွက်ပေါ်ထားပါပြီ။

■ ချယ်လ်ဆီး ၃-၀ မစ်ဒယ်ဘရော့


09 May 2017     1,304 Views




RELATED

Most Popular of Football

Most Popular of Sport