BEC-TERO TV

ဘုရား တရား မြဲတဲ့ မင်းသမီးလေး

09 May 2017     1,657 Views


မင်းသမီးလေး ပိုးအိအိခန့်က ဘုရား တရားအမြဲလုပ်တဲ့ မင်းသမီးလေးတစ်လက်ပါ။ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဆိုလဲ အမြဲတမ်း ဘုရားအလုပ် တရားအလုပ်တွေကို ပရိသတ်တွေပါ ကုသိုလ်ရအောင် တင်ပေးနေသူလဲ ဖြစ်ပါတယ်။

ရွှေတိဂုံဘုရားမှာ အဓိဋ္ဌာန်ဝင်ပြီး ပြန်လာတဲ့ ပိုးအိအိခန့်က ပရိသတ်ကို ဒီလိုလေး တောင်းဆုပြုပေးထားပါသေးတယ်။

“နေ့စဉ်ရွှေတိဂုံဘုရားမှာ အဓိဋ္ဌာန်ဝင်ပြီးပြန်လာရင် ခိုစာကျွေး ၊ ငါးစာကျွေး ၊ ငါးလွှတ် တယ်။
အိမ်ရောက်ရင်အိမ်ဘုရားမှာ ဆွမ်းတော် ကပ်လှူတယ်။
ဤသို့နေ့စဉ်ပြုသမျှ ကုသိုလ်ကြောင့် ပိုးအိ နှင့်တကွ အားလုံးသော ချစ်ပရိသတ်အပေါင်းတို့
သူတော်မဟုတ် သူယုတ်မာများနှင့် ကင်းဝေးကြပါစေ
သူတော်ကောင်း သူမြတ်လောင်းများနှင့်သာ ဆုံတွေ့ကြပါစေ
ကပ်ဆိုး ဘေးဆိုး အမျိုးမျိုးမှ ကင်းဝေးကြပါစေ
လိမ်ညာလှည့်ပတ်ဟန်ဆောင်ခံရခြင်းမှ ကင်းဝေးကြပါစေ
ဝဋ်ဆင်းရဲ ဒုက္ခအမျိုးမျိုးမှလည်း ကင်းလွတ်ကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်”

ပိုးအိအိခန့် ပရိသတ်တွေလဲ သူနဲ့အတူ ကုသိုလ်တွေ ထပ်တူထပ်မျှရကြပါစေနော်…

Source : ပိုးအိအိခန့် ဖေ့စ်ဘွတ်

အိမ်ကနေလဲ ရွှေတိဂုံစေတီတော်ကို နေ့စဉ် ဆွမ်း ၊ရေချမ်း ၊ ပန်း ကပ်လှူ


 


09 May 2017     1,657 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment