BEC-TERO TV

မဟာပုရိသဝိတက်(ဗုဒ္ဓ နေ့ အတွက်ရေးတဲ့စာ)

09 May 2017     1,290 Views


❖ ကဆုန်လပြည့်နေ့ ( ၅ )နေ့ရှိပါတယ် ၊

 

☞ ၁ ။ ။ ဗျာဒိတ်ယူသည့်နေ့

လေးအသင်္ချေ နဲ့ ကမ္ဘ္ဘာတစ်သိန်းအစ ကဆုန်လပြည့်နေ့ ။

☞ ၂ ။ ။ ဘုရားရှင်မွေးဖွားသည့်နေ့

မဟာသက္ကရာဇ် ၆၈. ကဆုန်လပြည့်နေ့ ။

☞ ၃ ။ ။ ဘုရားအဖြစ်ကိုရသည့်နေ့

မဟာသက္ကရာဇ် ၁၀၃. ကဆုန်လပြည့်နေ့ ။

☞ ၄။ ။ ဗုဒ္ဓဝင်အကျဉ်း ဟောသည့်နေ့

မဟာသက္ကရာဇ် ၁၀၄. ကဆုန်လပြည့်နေ့ ။

☞ ၅ ။ ။ ပရိနိဗ္ဗာန် စံသည့်နေ့ ။

မဟာသက္ကရာဇ် ၁၄၈. ကဆုန်လပြည့်နေ့ ။

☞ ၆ ။ ။ ဗုဒ္ဓနေ့ ( ဆဋ္ဌ သံဃာယနာတင် နေ့ )

တစ်နေ့ထပ်တိုးတော့ ဗုဒ္ဓ နေ့ ကဆုန်လပြည့်ဟာ

၆. နေ့ဖြစ်ရောပေါ့ဗျာ....

 

❖ ဘုရားရှင်ကိုယ်တော်မြတ်ကြီး

ဘာကြောင့်များ ဗုဒ္ဓ ဆိုတဲ့ဂုဏ်နဲ့လောကမှာ

ဘုရားရယ်လို့ဖြစ်လာအောင်

ဘယ်လိုအတွေးအကြံနဲ့ ပါရမီဖြည့်ခဲ့တာလည်းဆိုတာ

သိကြဖို့လိုတာပါဘဲ။

 

❖ ဘုရားဆိုတာကိုတော့(ဗုဒ္ဓ ဝါဒအရ)

သတ္တလောက ( လူ ၊ နတ် ၊ ဗြဟ္မာ ၊ သတ္တဝါ ၃၁ဘုံ)

မှာအမြင့်ဆုံးသော၊အမြတ်ဆုံးသောသူကိုဘုရားဟု

ခေါ်ကြောင်း အဘိဓာန်နိသျသစ်တွင် ဘုရားကိုမြတ်

သောသူအဖြစ် ဝရပုဒ်မှ ဗရ ၊ ဗရး ၊ ဗရား ၊ ဘုရား ဟု

အဆင့်ဆင့်ပြောင်းလဲခေါ်ကြောင်း

သစ္စာ လေးပါးကိုသိသော ဥာဏ်ပညာကြီး ပုဂ္ဂိုလ်ထူး

ပုဂ္ဂိုလ်မြတ်အဖြစ် ပုညဝန္နပုဒ်မှ ပုညား၊ဘုရား ဟု

အဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်လာသော ဝေါဟာရဖြစ်

ကြောင်း အဘယရာမ ဆရာတော် အရှင်အဂ္ဂဓမ္မာ

ဘိဝံသ. ကပြဆိုပါတယ်

 

❖ ဘုရားအလောင်းတော်ကြီးရဲ့ စိတ်အကြံ အတွေးနဲ့

ပါရမီဖြည့်လာတဲ့ အချက်ကို

မဟာပုရိသ ဝိတက်ဆိုပြီးမဟာဝါပါဠိတော်မှာ ၈ မျိုး

ဖွင့်ပြီးပြပါတယ် ......

 

၁ ။ ။ ဒန္တော ဒမေယျံ ။

ငါကိုယ်တိုင်လည်းယဉ်ကျေးအောင့်ကျင့်သုံးမယ်

တစ်ပါးသောသူကိုလည်းငါကဲ့သို့ယဉ်ကျေးစေရ

မယ်၊ယဉ်ကျေးအောင်လည်းညွှန်ပြတော်မူမယ်။

၂ ။ ။ သန္တော သမေယျံ ။

ငါကိုယ်တိုင်လည်းငြိမ်သက်အောင်ကျင့်သုံးမယ်

တစ်ပါးသောသူတို့ကိုလည်းငါကဲ့သို့ငြိမ်သက်

အောင်ကျင့်သုံးနည်းညွှန်ပြတော်မူမယ်။

၃ ။ ။ ဗုဒ္ဓေါ ဗောဓေယျံ ။

ငါကိုယ်တိုင်လည်း ဘယ်တရားဟာအမှန်ဆုံး

သောလွတ်မြောက်ရာဖြစ်သလဲဆိုတာကိုတွေ့

အောင်ရှာဖွေကျင့်သုံးမယ်၊တစ်ပါးသူတို့ကိုလဲ

ငါရရှိတဲ့အမှန်လွတ်မြောက်ရေးတရားကိုကျင့်

နိုင်ဖို့ညွှန်ပြတော်မူမယ်။

၎ ။ ။ မုတ္တော မောဓေယျံ ။

ငါကိုယ်တိုင်လဲ ဒီသံသရာ ဝဋ်ဆင်းရဲဆိုတဲ့

ဇာတိ ၊ ဇရာ ၊ မရဏ. တို့ချယ်လှယ်နေသောဒီ

ဒုက္ခ မှလွတ်အောင်ကျ င့်မယ် ၊တစ်ပါးသူတို့ကို

လည်း ဒီသံသရာဝဲသြဂမှလွတ်စေရမယ် ။

၅ ။ ။ နိဗ္ဗူ တော နိဗ္ဗာ ပေယျံ ။

ငါကိုယ်တိုင်လည်းသေခြင်းမှကင်းလွတ်တဲ့စင်

ကြယ်သောတရားဖြင့်အဆုံးပန်းတိုင် နိဗ္ဗာန်ပြု

နိုင်အောင်ကျ င့်သုံးမယ် ၊တစ်ပါးသူတို့ကိုလည်း

ငါကဲ့သို့စင်ကြယ်သောတရားဖြင့် နိဗ္ဗာန်ပြုနိုင်ရေး

ညွှန်ပြမယ် ။

၆ ။ ။ တိဏ္ဏော တရေယျံ ။

ငါကိုယ်တိုင် ဒီသံသရာဝဋ်ဆင်းရဲအပေါင်း၏နယ်

မှကူးထွက်လွတ်မြောက်အောင်ကျ င့်မယ်၊

တစ်ပါးသူတို့ကိုလည်းဒီသံသရာနယ်မှကူးထွက်

လွတ်မြောက်အောင်ဟောဖော်ညွှန်ပြမယ်။

၇ ။ ။ အသ၁ာ သတ္တော သ၁ာသေယျံ ။

ငါကိုယ်တိုင်လည်း နိဗ္ဗာန်ချမ်းသာသက်သက်

အေးငြိမ်းချမ်းသာဖြစ်အောင်ကျ င့်သုံးမယ် ။

တစ်ပါးသူတို့ကိုလည်း နိဗ္ဗာန်ချမ်းသာရရှိစေပြီး

အပူမရှိ သောက ပရိဒေဝ ဒုက္ခ ဒေါမနသ၁

ဥပယာသ တို့မကြုံတွေ့အောင်ညွှန်ပြမယ် ။

၈ ။ ။ သုဒ္ဓေါ သောစေယျံ ။

ငါကိုယ်တိုင်လည်း တဏှာရာဂရဲ့ကျွန်အဖြစ်က

လွတ်အောင်ကျင့်မယ်၊တစ်ပါးသူတို့ကိုလည်း

တဏှာစေခိုင်းသမျှ ခံနေကြရတဲ့သံသရာကျွန်

ဘဝ ကလွတ်မြောက်အောင်ဟောဖော်ညွှန်ပြပြီး

လွတ်မြောက်စေရမယ် ။

❖ အဲ့ဒီလိုအကြံအတွေးနဲ့ ဘုရားဆုပန်ကာ

လေးအသင်္ချေ နဲ့ ကမ္ဘ္ဘာ တစ်သိန်းပါရမီတွေဖြည့်ကျင့်

လာခဲ့ရပါသတဲ့… …

မဟာပုရိသဝိတက်တရားကိုဖတ်ပြီး ဘုရားကျေးဇူးကို

မြင်ရင် တရားကျေးဇူး သံဃာတွေရဲ့ကျေးဇူးဟာလဲ

ဘယ်လောက်ကြီးမားတယ်ဆိုတာ မြင်နိုင်ကြပါလိမ့်မယ်.......... ဒီတော့

ကျေးဇူးရှိမှန်းသိကြ

ကျေးဇူးကိုလည်းဆပ်တတ်ကြပါစေ… ᠌᠌᠌။

Credit- original uploader

 


09 May 2017     1,290 Views




RELATED

Most Popular of Special or Others

Most Popular of NEWS