BEC-TERO TV

နားမကြားကလေးငယ်များကို လိင်ပိုင်ဆိုင်ရာကျူးလွန်ရာတွင် အားပေးကူညီမှုဖြင့် ကတ်သလစ်သီလရင်တစ်ပါးကို ဖမ်းဆီး

09 May 2017     1,327 Views


အာဂျင်တီးနားနိုင်ငံ Lujan de Cuyo မြို့ရှိ Antonio Provolo Institute ကျောင်းမှ နားမကြားကလေးငယ် ၂၄ ဦးကို ဘုန်းတော်ကြီးအချို့က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွင် ပါဝင်အားပေးကူညီခဲ့သည်ဟူသော စွပ်စွဲချက်နှင့် Kumiko အမည်ရှိ အသက် ၄၂ နှစ်အရွယ် ဂျပန်လူမျိုး ရိုမန်ကတ်သလစ်ဘာသာဝင် မယ်သီလရင်တစ်ပါးကို အားဏာပိုင်များက ဖမ်းဆီးခဲ့သည်။
 
ဒေးလီးမေးလ် သတင်းဌါန၏ ဖော်ပြချက်များအရ အကြားအာရုံချို့ယွင်းနေတဲ့ ကလေးတွေအပေါ်ကို ကြောက်စရာကောင်းတဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို အဆိုပါကျောင်းရဲ့  ရေချိုးခန်းထဲ၊ အိပ်ဆောင်တွေထဲ၊ ဥယျာဉ်ခြံထဲနဲ့ မြေအောက်ခန်းထဲမှာ ကျူးလွန်ခဲ့ကြကြောင်း ဖော်ပြထားပါတယ်။
 
 
ဘုန်းတော်ကြီးHoracio Corbacho
 
ကျူးလွန်ခဲ့သူများထဲတွင် ဘုန်းတော်ကြီး Priest Horacio Corbacho နှင့် သူ၏နောက်လိုက် ဘုန်းကြီး Nicola Corradi အပြင် အခြားအမျိုးသား ၃ ဦးတို့ပါဝင်ခဲ့ကြသည်။ ကျုးလွန်ခံခဲ့ရသော ကျောင်းသူအချို့က အဆိုပါဘုန်းကြီးနှစ်ပါးက မယ်တော်မာရီ၏ ပုံတော်ဘေးတွင်ပင် အခါခါ အဓ္ဓမသားမယားပြုကျင့်ခံခဲ့ရကြောင်း ထွက်ဆိုခဲ့ကြသည်။
 
 
ဘုန်းတော်ကြီးHoracio Corbacho (အင်္ကျီအပြာ)၊ ဘုန်းတောကြီးNicola Corradi (ဘီးတပ်ခုံပေါ်မှ)
 
သူတို့အမြဲပြောလေ့ရှိတာက ဒါဟာကစားပွဲတစ်ခုပါ။ လာပါ ကစားကြရအောင်၊ လာ.. ကစားစို့လို့ ပြောပြီး သူတို့ကို မိန်းကလေးရေချိုးခန်းထဲခေါ်သွားကာ အဓ္ဓမပြုကျင့်ခဲ့ကြောင်း ခံခဲ့ရသူတစ်ဦးက ပြောကြားခဲ့သည်။
 
 
ကျုးလွန်ခံရသော ကလေးငယ်များ၏ သွေးစွန်းနေသော အတွင်းခံများကို မယ်သီလရင်ဖြစ်သူ Kumiko က ဖုံးဖိလဲလှယ်ပေးခဲ့ကြောင်း အဆိုပါကျောင်းတွင် နေခဲ့ဖူးပြီး အဓ္ဓမပြုကျင်ခံခဲ့ရသူ ကျောင်းသူဟောင်းတစ်ယောက်က ထွက်ဆိုခဲ့သဖြင့် Kumiko ကို အာဏာပိုင်များက အားပေးအားမြှောက်ပြုကာ ဖုံးကွယ်မှုဖြင့် ဖမ်းဆီးခဲ့ကြသည်။ Kumiko ကတော့ ဒါကိုငြင်းပယ်ခဲ့ပြီး သူမဟာ အပြစ်မရှိသူဖြစ်ကြောင်း ပြောဆိုနေပါတယ်။
 
 
အမှုနှင့်ပက်သက်သော အမျိုးသား ၅ ဦးကို ရဲများက ဖမ်းဆီးခဲ့ပြီး ဘုန်းတော်ကြီး Corradi ၏ အခန်းအတွင်းမှ ညစ်ညမ်းမဂ္ဂဇင်းစာအုပ်များနှင့်အတူ ဒေါ်လာ ၃၄,၀၀၀ ကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။
 

09 May 2017     1,327 Views




RELATED

Most Popular of Special or Others

Most Popular of NEWS