အောင်ရင်ရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းအသစ် မကြာမီနားဆင်ရဦးမည်
10 May 2017 1,995 Views

တေးချစ်သူ မြန်မာပရိသတ်များရဲ့ ရင်ထဲမှာ ထာဝရနေရာယူထားတဲ့ အဆိုတော်အောင်ရင်ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းအသစ်ဖြစ်သည့် “မပြန်တဲ့ရထား” သီချင်းကို စတူဒီယိုတွင် အသံသွင်းယူလျှက်ရှိပြီး မကြာမီမှာ ပရိသတ်ကြီးနားဆင်ရတော့မည်ဖြစ်ကြောင်း အဆိုတော် အောင်ရင်က သူ၏ လူမှုကွန်ယက် ဖေ့စ်ဘွခ်စာမျက်နှာမှ အသိပေးခဲ့သည်။

ကွယ်လွန်သွားခဲ့ပြီးဖြစ်တဲ့ ထူးအိမ်သင်(ဆရာငှက်ကြီး) သီဖွဲ့ပေးခဲ့တဲ့ “အိမ်မက်ထဲကရထားကြီး” သီချင်းကို အဆိုတော် ကိုဖိုးကာ က ပြန်လည်ထပ်ထပ်ဆင့်ခံစားသီဖွဲ့ကာ “မပြန်တဲ့ရထား” အမည်ဖြင့် သီကုံးရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။



“မပြန်တဲ့ရထား” တေးသီချင်းကို Evening Star Music Band က တီးခတ်ပေးထားပြီး 1235 Studio တွင် အသံဖမ်းလျှက်ရှိကြောင်း သိရှိရသည်။

Credit: Aung Yin Facebook







