Hello သက်တမ်း ၂၇ နှစ်ပြည့် မိတ်ကပ်ဆံပင်ပြပွဲကြီးတွင် ဖွေးဖွေးနှင့် နေမင်းတို့ အားဖြည့်ကူညီ
10 May 2017 1,759 Views
မခိုင်နှင့်မချိုတို့ဦးစီးဖွင့်လှစ်ထားသောHello Makeup,Hair Style and Reflexilogy ဆိုင်၏၂၇နှစ်ပြည့်အထိမ်းအမှတ် Makeup&Hair Show ကို မေလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ
Sedona Hotel တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Show ပွဲတွင် အဆိုတော်တင်ဇာမော်၊ ချမ်းချမ်း၊ မိစန္ဒီ၊ ရွှေထူး၊ သရုပ်ဆောင်နေမင်း၊မင်းသွေး၊ ဖွေးဖွေး၊ အေးမြတ်သူ၊ မိုးစက်ဝိုင်၊ ခင်ဝင့်ဝါ၊ နန်းသူဇာ၊ စံရတီမိုးမြင့်၊ ဝိုင်းလေး၊ပန်းရောင်ချယ်၊ နန်းခေးမား၊ Mဆိုင်းလူ၊ ချွန်းချွန်းနှင့် အခြားသရုပ်ဆောင်မော်ဒယ်များကနာမည်ကြီးဒီဇိုင်နာများ၏ဝတ်စုံများဝတ်ဆင်၍Hello မှ မခိုင်နှင့်မချိုတို့ဖန်တီးထားသောအနုပညာဆန်သည့် Makeup Style နှင့်Hair Do Style များကို ပြသခဲ့ကြောင်းသိရသည်။
Photo- myo kyaw soe
Credit:ပြည်မြန်မာ