ယွန်းယွန်း ဖောက်သည်ချတဲ့ သက်မွန်မြင့်အကြောင်း
11 May 2017 2,491 Views

သက်မွန်မြင့်နဲ့ မတွေ့တာကြာပြီဖြစ်တဲ့ ယွန်းယွန်းက ရိုက်ကွင်းမှာ ပြန်ဆုံတဲ့အခါ သက်မွန်မြင့်အကြောင်းကို ဖောက်သည်ချလိုက်ပါတယ်။
“Hehehe... ဒီနေ့ မမသက်မွန်နဲ့ photo shooting မှာ ရိုက်လို့လည်းပြီးသွားရော.. မမက ငယ်ငယ်ကလိုပဲနိုင်သေးတယ်ဆိုပြီး ကုန်းပိုးလိုက်တာ…
မတွေ့တာကြာလည်း..ကလေးလေးတွေအမေဖြစ်သွားပြီး ထပ်ဆင့်အကယ်ဒမီဖြစ်သွားလည်း ပြောင်းလဲတာဘာတစ်ခုမှမရှိတဲ့မမ ချစ်လိုက်တာ..” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ထပ်ဆင့်အကယ်ဒမီဖြစ်သွားတဲ့ သက်မွန်မြင့်နဲ့ သရုပ်ဆောင်ကောင်းတဲ့ ယွန်းယွန်းတို့ရဲ့ ခင်မင်မှုလေးက ချစ်စရာအလွန်ကောင်းပါတယ်။

Source and Photo : Yoon Yoon facebook





