လူစိတ်မရှိကြတော့ဘူးလား လို့ မေးခွန်းထုတ်လိုက်တဲ့ ဇေရဲထက်
11 May 2017 1,821 Views

ပရိသတ်တွေချစ်ကြတဲ့ မင်းသားဇေရဲထက်က လူစိတ်မရှိကြတော့ဘူးလားလို့ မေးခွန်းထုတ်လိုက်ပါပြီ။ ဇေရဲထက်က ဗီဒီယိုဖိုင်လေးတစ်ခုကို ကြည့်ပြီး မိဘတွေအပေါ် ကျေးဇူးကန်းတဲ့သူတွေကို မေးခွန်းထုတ်လိုက်တာပါ။
“ဘုရားဘုရား လူစိတ်မရှိကြတော့ဘူးလား လူ့လောကထဲရောက်အောင် ကျွေးမွေးပြုစုပေးတဲ့ မိဘကိုများလုပ်တာ လုပ်ရက်လိုက်ကြတာ…စိတ်ကုန်တယ် တခါတလေ လူ့ဘဝကြီးကို…သနားကြင်နာစိတ်…အသိတရား…ဘာဆိုဘာမှ မရှိကြတော့ဘူး ငါဆိုတဲ့အတ္တကို ရှေ့တန်းတင်ချင်ကြတယ်”
ပရိသတ်တွေကရော ဇေရဲထက်နဲ့ အမြင်တူကြလား? ဗီဒီယိုလေးကို အောက်မှာ ထည့်ပေးထားတယ်နော်။
Source and Photo : ဇေရဲထက်ဖေ့စ်ဘွတ်





