BEC-TERO TV

ထိုင်းအသင်းကိုရှုံးနိမ့်ခဲ့တဲ့ မြန်မာယူ-၁၅ အသင်း

11 May 2017     1,294 Views


အာဆီယံ ယူ-၁၅ အမျိုးသမီး ပြိုင်ပွဲ ဒုတိယပွဲစဉ်မှာတော့ မြန်မာယူ-၁၅ အမျိုးသမီး အသင်းဟာ ထိုင်းအသင်းကို၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ထိုင်းအသင်းဟာ ပွဲစတာနဲ့ မြန်မာ အသင်းဘက်ကို ဖိအားပေးက စားခဲ့ပြီး မြန်မာအသင်းကတော့ ထိုင်းအသင်း ဘက်ကို တန်ပြန်တိုက် စစ်တွေနဲ့သာ ကစားခဲ့ရတာပါ။ ထိုင်းအသင်းရဲ့ အနိုင်ဂိုးကို ပွဲချိန် ၁၈ မိနစ်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

လာအိုနိုင်ငံတွင်အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်နေသည့် အာဆီယံ ယူ-၁၅ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင်မြန်မာ့ လက်ရွေးစင်အမျိုးသမီးအသင်းသည် နှစ်ပွဲကစားပြီးချိန်၌ တစ်ပွဲနိုင်တစ်ပွဲ ရှုံးရလဒ်ကို ပိုင်ဆိုင်ထားကြောင်း သိရသည်။မြန်မာအမျိုးသမီးအသင်းသည် အဖွင့်ပွဲစဉ်တွင် အိမ်ရှင် လာအိုအသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ရခဲ့ပြီးထိုင်း အသင်းကိုရှုံးနိမ့်ထားခြင်းဖြစ်ပါတယ်။မြန်မာအသင်းဟာ မေလ ၁၂ ရက်နေ့မှာ ဗီယက်နမ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရဦးမှာပါ။


11 May 2017     1,294 Views




RELATED

Most Popular of Football

Most Popular of Sport