BEC-TERO TV

ကိုကျော်ကိုအားကျပြီး မရွှေဇီးကွက်လိုဇနီးပုံစံမျိုးလိုချင်တယ်လို့ ပြောလိုက်တဲ့ ဝေဠုကျော်

11 May 2017     1,351 Views


ပရဟိတ မင်းသားကြီးလို့ လူတိုင်းသိကြတဲ့ ဝေဠုကျော် ဟာ အနုပညာလှုပ်ရှားမှုတွေ ကျဲပြီး ပရဟိတတွေကိုပဲ လုပ်နေပေမယ့် အခုမှာတော့ အိန္ဒိယ-မြန်မာ ပူးပေါင်းရိုက်ကူးမယ့် “မကြာမီမျှော်”ရုပ်ရှင်ကားကြီးမှာ အဓိကနေရာကနေပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး မဏိရွှေဇင် ထုတ်လုပ်ရေးကနေ ဖြန့်ချီမှာလဲ ဖြစ်ပါတယ်။

ထိုဇာတ်ကားမှာ အနုပညာ နယ်ပယ်အသီးသီးက လူတွေပဲ ပါဝင်ကြမှာ ဖြစ်ပြီး သဘင်ထဲက ကိုဝင်းနော် ၊ Miss လောက ထဲက Miss Universe Myanmar မေဘရဏီသော် ၊ လက်ဝှေ့ဘာသနာပါတဲ့ သူတွေ အတွက် ထိုင်းနယ်စပ်မှာ ရိုက်မှာလဲ ဖြစ်တဲ့ အတွက် ထိုင်းလက်ဝှေ့ကျော်ပါဝိ ။ ရုပ်ရှင်လောက ဘက်မှာ ကျွန်တော်ရယ် ၊ သူထူးစံ ၊ အေးမြတ်သူ ၊ နေနော် တို့က အဓိက ပါဝင်သွားမှာ ဖြစ်ပြီး ကဏ္ဍစုံက လူတွေကို ထည့်ဖြစ်ခဲ့ တယ်လို့ ပြောထားပါတယ်။

အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီးတော့ လဲ ဇာတ်ကားနာမည်လိုပဲ မကြာမီမျှော်လို့ ပြောထားပြီး ကိုကျော် လိုမျိုး လုပ်သမျှမညူစူတဲ့ အပြင်အနောက်က လိုက်ပြီး ပံ့ပိုးကူညီပေးနေတဲ့ မရွှေဇီးကွက်လို ဇနီးပုံစံမျိုးဆိုရင်တော့ ကောင်းတာပေါ့ ။ အခု အဲ့ဒိလို မိန်းကလေး ရှာမတွေ့သေးလို့ ၀ိုင်းရှာပေးကြပါ ။ ဖိတ်စာ တစ်ခြမ်းရိုက်ထားလိုက်တယ် ။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမဟုတ်တော့ပေမယ့် နှုတ်ခမ်းစူမကြီးတွေရဲ့ အသဲစွဲတော့ ဖြစ်လောက်ပါသေးတယ်လို့ ပြောထားပါတယ်။

Credit:Oasis


11 May 2017     1,351 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment