BEC-TERO TV

HIV ဝေဒနာရှင်များ သာမန်လူများကဲ့သို့ သက်တမ်းစေ့နေနိုင်မည့် ဆေးသစ်တစ်မျိုးတွေ့ရှိ

11 May 2017     2,790 Views


ဥရောပနှင့် မြောက်အမေရိကတို့ရှိ HIV ဝေဒနာရှင်များအား စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် HIV လူနာများဟာ ရောဂါမရှိတဲ့ သာမန်လူများနီ့ပါး သက်တမ်းရှည်နေနိုင်မည့် မျှော်လင့်ချက်ရှိနေကြောင်း ဗြိတိသျှဆေးသိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
 
HIV ဆေးအသစ်ကို လူနာပေါင်း ၉ သောင်းနှင့် စပ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး သုတေသန ၁၈ ခုလောက်ပြုလုပ်ပြီးနောက် အချက်အလက်များအရ HIV ဝေဒနာရှင်များအနေနဲ့ သက်တမ်းရှည်နေနိုင်ဖို့ နီးစပ်လာပြီဟု ပြောနိုင်ခဲ့တာဖြစ်ပါတယ်။
 
ဆေးအသစ်ဟာ ဘေးထွက်ဆိုးကျိုးနည်းပါပြီး ဗိုင်းရပ်ပိုးပျံ့ပွားမှုကိုလည်း ပိုမိုထိရောက်အောင် လျှော့ချပေးနိုင်တဲ့အတွက် စမ်းသပ်မှုတွေကို ခံယူနေတဲ့ HIV ကူးစက်ခံလူငယ်များရဲ့ အခြေအနေပိုမိုကောင်းမွန်လာကာ သက်တမ်းရှည် နေရနိုင်ကြောင်း လန်းဆတ်ဆေးပညာဂျာနယ်က ရေးသားဖော်ပြခဲ့ပါတယ်။
 
၂၀၀၈ ခုနှစ်က စတင်ကာ ဆေးကုသခံခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် လူငယ်ဟာ အသက် ၇၀ ကျော်ထိ နေသွားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ယခုဆေးအသစ်ကြောင့် HIV ရောဂါ ဖြစ်နိုင်ခြေရှိသူတွေအနေနဲ့ ဆေးစစ်ပြီး ကုသခံဖို့ကို ပိုပြီးစိတ်အားထက်သန်လာစေမှာဖြစ်ကြောင်း ယူဆနေကြပါတယ်။
 
Credit:BBC
 

 


11 May 2017     2,790 Views




RELATED

Most Popular of Health Fix

Most Popular of NEWS