BEC-TERO TV

သိန်း၆၀၀နီးပါး အကုန်ကျခံ ရိုက်ထားတဲ့ ဇွဲပြည့် ရဲ့ ခိုလှုံရာ

11 May 2017     1,343 Views


တေးသံရှင် ဇွဲပြည့်ရဲ့ ဒုတိယတေးအယ်လ်ဘမ်ဖြစ်တဲ့ ခိုလှုံရာ MTV မိတ်ဆက်ပွဲကို မေလ ၁၀ ရက်နေ့က ရန်​ကုန်​မြို့ ၊ Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်၊

"ဒီအခွေလေးကိုပထမခွေထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားထားပါတယ် ၊ သီချင်းဟောင်းလေးတွေကို ပြန်ဆိုရတဲ့အတွက် အရမ်းလည်းတာဝန်ကြီးသလို ၊ MTV ရိုက်ရတဲ့ အခါမှာလည်း စိုးရိမ်စိတ်တွေ ရှိခဲ့ပါတယ်၊ဒါပေမယ့် ရိုက်ပြီးပြန်ကြည့်တဲ့အချိန်မှာ အကုန်လုံးကိုသဘောကျပါတယ် ၊ ဒီထဲမှာဆို အတ္တသီချင်းတစ်ပုဒ်တည်းကို သိန်း ၆၀ လောက်ရှိပါတယ်၊ တစ်ပုဒ်တည်းကိုသုံးရက်ရိုက်ခဲ့ရတယ် ၊ ပရိသတ်​တွေလည်း သဘောကျမယ်လို့မျှော်လင့်မိပါတယ် ၊ ဒါက ကျွန်တော့်အတွက် နောက်ထပ်လှေကားထစ် တစ်ခုဆိုလည်းမမှားပါဘူး" လို့ တေးသံရှင် ဇွဲပြည့်က ပြောပြခဲ့ပါတယ်။

မိတ်ဆက်ခဲ့တဲ့ ဇွဲပြည့် ရဲ့ ခိုလှုံရာ MTV  ကုန်​ကျစရိတ်​ စုစုပေါင်း သိန်း ၆၀၀ နီးပါးရှိသလို ရန်ကုန် ၊ မန္တလေးနဲ့တောင်ငူမြို့တွေမှာ သွားရောက်ရိုက်ကူးထားတယ်လို့သိရပါတယ်။ဇွဲပြည့် ရဲ့ ခိုလှုံရာ MTV မှာဆိုရင်တော့ ဇွဲပြည့်၊ ထက်အောင်ရှိုင်း ၊သီဟ ၊ MHA၊ မိုးသူရ၊ ဩဇာ ၊ကောင်းမြတ်ဇော် ၊ Everest Moe ၊ နန်းမြတ်ဖြိုးသင်း ၊ ဖူးပွင့်သခင် ၊မေမြင့်မိုရ် ၊မေစူးမောင် ၊ ပိုးကြာဖြူခင် ၊ဝင့်ယမုံလှိုင် ၊ ရွှေအိမ်စည် ၊လီလီကျော်ခိုင် နဲ့ အခြားသရုပ်ဆောင်များစွာပါဝင်ပါတယ်။

 


11 May 2017     1,343 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment