BEC-TERO TV

လုံးကြီးပေါက်လှအမျိုးသမီးဆီကနေ ဖုန်းနံပါတ်တောင်းတာ မရလို့ မျက်နှာကို နှစ်ချက်ဆင့်ထိုးခဲ့တဲ့ သကောင့်သား

11 May 2017     2,142 Views


အမျိုးသားတစ်ဦးက စားသောက်ဆိုင်တစ်ဆိုင်မှာ အဖော်ဖြစ်သူနဲ့ ထိုင်ပြီးစားသောက်နေတဲ့ အမျိုးသမီးတစ်ဦးဆီကို ရောက်လာပြီး ဖုန်းနံပါတ်တောင်းရာ၊ အမျိုးသမီးက မပေးတဲ့အတွက် ဒေါသဖြစ်ပြီး နောက်ဆုံးတွင် အမျိုးသမီး၏ မျက်နှာကို လက်သီးနှင့် နှစ်ချက်ဆင့်ထိုးမှုတစ်ခု ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။


ထိုင်းနိုင်ငံ ဆမ်မွေကျွန်းရှိ ဆန်ပြုတ်ဆိုင်တစ်ဆိုင်တွင် အမျိုးသမီးတစ်ဦးက သူမ၏အဖော်အမျိုးသမီးတစ်ဦးနှင့်ထိုင်နေစဉ် အခြားဝိုင်းမှ အမျိုးသားတစ်ဦးက ရောက်လာက သူမရဲ့ ဖုန်းနံပါတ်ကို တောင်းခဲ့သည်။ သူမက မပေးနိုင်ကြောင်း ငြင်းဆိုခဲ့သည့်အတွက် ဒေါသဖြစ်ကာ အမျိုးသမီးနှဟ်ဦးထိုင်နေသော စားပွဲကို ဆောင့်တွန်းသဖြင့် ဆန်ပြုတ်များ အမျိုးသမီး၏ အဝတ်အစားပေါ်သို့ ဖိတ်စင်ကျခဲ့သည်။


ထိုအခါအမျိုးသမီးက ဒေါသဖြစ်ပြီး သောက်လက်စအအေးခွက်နှင့် ထိုအမျိုးသားကို ပြန်ပက်ခဲ့သည်။ အမျိုးသား ဒေါသဖြစ်ကာ စားပွဲပေါ်က ပစ္စည်းများနှင့် ပစ်ပေါက်ခဲ့သဖြင့် အမျိုးသမီးကလည်း အပြန်အလှန်ပစ်ပေါက်ခဲ့ကြသည်။ အခြားအမျိုးသမီးအဖော်မှ ကြားကနေ ဝင်ရောက်ဖြန်ဖြေသော်လည်း အမျိုးသားက ရှေ့တိုးလာကာ အမျိုးသမီး၏ မျက်နှာကို နှစ်ချက်ဆင့်ထိုးခဲ့သည်။ ထို့အပြင် အခြားအမျိုးသမီးဖော်ကိုလည်း လည်းပင်းမှကိုင်ကာ ဆောင့်တွန်းခြင်းများ ပြုလုပ်ခဲ့သည်။



အဆိုပါအဖြစ်အပျက်ကို ရဲတိုင်ကြားခဲ့ပြီးနောက် အမျိုးသားအား ဖမ်းဆီးအရေးယူထားပြီးဖြစ်ကြောင်း သိရှိရသည်။
 


11 May 2017     2,142 Views




RELATED

Most Popular of Special or Others

Most Popular of NEWS