BEC-TERO TV

စပိန်တွေပဲကြီးစိုးနေတော့မလား ချန်ပီယံလိဒ်ရေ…..

11 May 2017     1,336 Views


ယနေ့မနက်က ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ အက်သလက်တီကိုရဲ့ အစောပိုင်းသွင်းဂိုးတွေကြောင့်ပွဲက စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပေမယ့် ရီးယဲလ်က အကောင်းဆုံးပြန်လည်ထိန်းချုပ်ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။ ရီးယဲလ်ကစားကွက်တည်မရဘဲ ကာရက်စ်ကို၊ ဆာအူလ်၊ ဂရစ်ဇ်မန်း တို့ရဲ့ တွဲလုံးတွေကြောင့် ရီးယဲလ်ခံစစ်အစု အဖွဲ့တစ်ခုလုံး ယိမ်းယိုင်သွားတယ်။ (၁၂)မိနစ်မှာကိုကီရဲ့ ထောင့်ကန်ဘောကို ဆာအူလ်က ခေါင်း တိုက်အဆုံးသတ်ပြီး အက်သလက်တီကို အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာပါပဲ။ (၁၆)မိနစ်မှာဂိုးဧရိယာထဲတောရက်စ်ကန်သွင်းဖို့ ဟန်ပြင်နေချိန်မှာ ရီး ယဲလ်နောက်ခံလူ ဗာရန်းတားသလိုဖြစ်ခဲ့ လို့ ပယ်နယ်တီပေးခဲ့ရပြီး ဒီပယ်နယ်တီကို ဂရစ်ဇ်မန်းက ကန်သွင်းယူခဲ့တာပါပဲ။ (၄၂)မိနစ်မှာ ဘန်ဇီမာရဲ့ ဖန်တီးပေးမှုကနေ တိုနီကရူးစ်ကန်၊ ပြန်ထွက်လာတာကို အစ္စကိုက အနီးကပ်ပိတ်သွင်းပေးခဲ့တာပါပဲ။

ဂျူဗင်တပ်စ်နဲ့မိုနာကိုပွဲမှာ ရေပန်းစားနေတဲ့ ဂျူဗင်တပ်စ်အသင်းကပဲ မိုနာကိုကို (၂-၁)ဂိုးနဲ့ထပ်မံအနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့ပတယ်။ (၃၃)မိနစ်မှာတော့ ဂျူဗင်တပ်စ်အဖွင့်ဂိုးရခဲ့ပြီး မန်ဇူကစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းပြီးခါနီး(၄၄)မိနစ်မှာ မိုနာကိုဂိုးသမား ဆူဘာချစ် ပုတ်ထုတ်တာကနေ လျှံထွက်လာတဲ့ဘောလုံးကို နောက်ခံလူ အဲလ်ဗတ်စ်က လှလှပပ မြေမကျကန်သွင်းပြီး ဒုတိယဂိုးသွင်းယူခဲ့တယ်။

မိုနာကိုအသင်းရဲ့ ချေပဂိုးကိုတော့ (၆၉)မိနစ်မှာ မော်တင်ဟိုရဲ့ ပေးပို့မှုကနေဘာပေက အနီးကပ်ပိတ်သွင်းခဲ့တာပါ ဂျူဗင်တပ်စ်အသင်းဟာ (၂)နှစ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး ရီးယဲလ်နဲ့ရင်ဆိုင်ရတော့မှာပါ။ဗိုလ်လုပွဲကိုတော့ ၂၀၁၇ဇွန် ၄ရက်နေ့မှာဝေလ်ပြည်နယ်က ကာဒဖ်ကွင်းမှာ ကစားမှာပါ။

■ ရလဒ်

အက်သလက်တီကို ၂-၁ ရီးယဲလ်

(နှစ်ကျော့ပေါင်း ၄-၂ ဂိုးဖြင့် ရီးယဲလ်ဗိုလ်လုပွဲတက်)

ဂျူဗင်တပ်စ် ၂-၁ မိုနာကို
နှစ်ကျော့ပေါင်း ၄-၁ ဂိုးဖြင့် ဂျူဗင်တပ်စ်အနိုင်ရ


11 May 2017     1,336 Views




RELATED

Most Popular of Football

Most Popular of Sport