BEC-TERO TV

တာဝန်ချိန်အတွင်း အိပ်ပျော်သွားလို့ အလုပ်ထုတ်ခံရတဲ့ ဖုန်းအော်ပရေတာ

11 May 2017     1,464 Views


အမေရိကန်အိုဟိုင်းယိုးပြည်နယ်က 911ဖုန်းအော်ပရေတာတစ်ဦးကို တာဝန်ချိန်အတွင်း အိပ်ပျော်သွား တဲ့အတွက်  အလုပ်ကထုတ်ပယ်လိုက်ပါတယ်။ ဖုန်းအော်ပရေတာ ဂျက်စမင်သောမက်စ်ဟာ ဖုန်းအ၀င်ခေါ်ဆိုမှုတစ်ခုကို လက်ခံစကားပြောဆိုနေတုန်း ခနအသံတိတ်သွားပြီးနောက် သူ့ဆီက ဟောက်သံထွက်ပေါ်လာခဲ့ပါတယ်။

တခြားအရေးပေါ်ခေါ်ဆိုမှုတစ်ခုမှာလည်း သောမက်စ်ရဲ့ တုန့်ပြန်မှုတွေဟာနှေးကွးလေးလံနေပြီး အရေးပေါ်မီးသတ်ကယ်ဆယ်ရေးကို မီးလောင်တဲ့နေရာနဲ့ ချိတ်ဆက်ပေးဖို့ ကျန့်ကြာနေခဲ့တယ်လို့ ဆိုပါတယ်။သောမတ်စ်ဟာ ခလေးတယောက်အမေဘ၀နဲ့  အရေးပေါ်ဖုန်းအော်ပရေတာအလုပ်လုပ်ကိုင်ရင်း ဘွဲ့တစ်ခုရရှိဖို့ကြိုးစားနေသူဖြစ်တယ်လို့ စပွန်းနစ်သတင်းမှာဖော်ပြထားပါတယ်။


11 May 2017     1,464 Views




RELATED

Most Popular of Special or Others

Most Popular of NEWS