BEC-TERO TV

ဖေ့ဘွတ် တည်ထောင်သူ ဇူကာဘတ် အမေရိကန်ရွေးကောက်ပွဲ ၀င်ပြိုင်မှာလား…?

11 May 2017     2,457 Views


ဖေ့ဘွတ်တည်ထောင်သူ ဇူကာဘတ်က (၂၀၂၀)ခုနှစ်မှာ ကျင်းပမဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ ဇူကာဘတ်က အိုဟိုင်းယိုးပြည်နယ် မောယိုးမိသားစုရဲ့ အိမ်မှာသွားရောက် ထမင်းစားချိန် အခုလို ပြောကြားခဲ့တာပါ။ ဇူကာဘတ်ဟာ ပြည်နယ်(၅၀)လုံးကို သွားရောက်လည်ပတ်မဲ့ သူ့ရဲ့ခရီးစဉ်အတွင်း ပြောကြားခဲ့သလိုအဆိုပါခရီးစဉ်ဟာနိုင်ငံရေးလှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ လူမှုကွန်ရက်ပေါ် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာကြောင့် ဇူကာဘတ်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဉ်တွေထွက်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဖေ့ဘွတ်ကို အသုံးပြုနေကြတဲ့ အမေရိကန် ပြည်ထောင်စုတစ်ဝှမ်းက လူတွေရဲ့ အကြောင်းကို သိရှိချင်လို့ ဖြစ်တယ်လို့ဖေ့ဘွတ် တာဝန်ရှိသူတွေက ဆိုပါတယ်။

 


11 May 2017     2,457 Views




RELATED

Most Popular of International News

Most Popular of NEWS