BEC-TERO TV

Skype သုံးပြီး ပထမဆုံး ကွာရှင်းပြတ်စဲမှု

11 May 2017     1,576 Views


အိန္ဒိယတရားရုံးတစ်ခုက skype အသုံးပြုပြီး ကွာရှင်းပြတ်စဲမှု ဆောင်ရွက်ပေးလိုက်ရပါတယ်။ အိန္ဒိယနိုင်ငံ မာရာဟက်ရှ်ထရာပြည်နယ်မှာ နေထိုင်ခဲ့ကြတဲ့ စုံတွဲတစ်တွဲက ကွာရှင်းပြတ်စဲဖို့အတွက်  ပူနေးမြို့တရားရုံးမှာ skype ကတစ်ဆင့် ကြားနာစစ်ဆေးမှု လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူက စင်ကာပူနိုင်ငံမှာ နေထိုင်ပြီး ဇနီးဖြစ်သူကတော့ လန်ဒန်မှာ နေထိုင်ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ကောလိပ်မှာတွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပြီး အမ်ရာဗာတီမြို့မှာ (၂၀၁၅)ခုနှစ်အတွင်း လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ပူနေးမြို့ကို ပြောင်းရွှေ့ခဲ့ကြတာဖြစ်ပြီး အလုပ်ကိစ္စတွေကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာခဲ့ကြပါတယ်။ မိုင်ပေါင်း(၇)ထောင်ကွာဝေးပြီး အချိန်(၇)နာရီကွာခြားချက်တွေဟာ သူတို့(၂)ဦးကြား ကွာရှင်းပြတ်စဲစေတဲ့အကြောင်းရင်း ဖြစ်လာတယ်လို့ ဆိုပါတယ်။

အဲ့ဒါကြောင့် ကွာရှင်းဖို့အတွက်  ပြီးခဲ့တဲ့နှစ်ကတရားရုံးကို တောင်းဆိုခဲ့ပြီး အလုပ်ကိစ္စတွေကြောင့် ပူနေးမြို့ကိုလာဖို့ အဆင်မပြေတဲ့အတွက် skype ကနေ တစ်ဆင့်ကွာရှင်းဖို့ တရားရုံးကသဘောတူခဲ့တာဖြစ်ပါတယ်။


11 May 2017     1,576 Views




RELATED

Most Popular of International News

Most Popular of NEWS