BEC-TERO TV

သုဝဏ္ဏပန်းခြံ Child Center ရှိ ကလေးစာဖတ်ဝိုင်း အပတ်စဉ်တနင်္ဂနွေ ဖွင့်လှစ်ပေးမည်

11 May 2017     1,252 Views


သုဝဏ္ဏပန်းခြံမှာ ပထမဆုံးအကြိမ်အဖြစ် မေလ ၁ ရက်က ဖွင့်လှစ်ခဲ့တဲ့ Child Center မှာရှိတဲ့ ကလေးစာဖတ်ဝိုင်းကို အပတ်စဉ်တနင်္ဂနွေနေ့တွေမှာ ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။ Child Center ကို အပတ်စဉ် တနင်္ဂနွေနေ့တွေမှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ရုပ်ပုံအသုံးပြု ကလေးစာပေတွေ ဖတ်ရှုနိုင်သလို တစ်ပတ်ခြားတစ်ခါ ပုံပြောအစီအစဉ် ၊ မျက်လှည့် ၊ ကာတွန်းဆွဲနည်းသင်တန်းနဲ့ စွန့်ပစ်အမှိုက်ကနေ လက်မှုပစ္စည်းလုပ်တာတွေ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ သုဝဏ္ဏပန်းခြံအနီးရှိ ရပ်ကွက်တွေမှာနေထိုင်တဲ့ ကလေးတွေကို ဖိတ်ခေါ်ကာ စာဖတ်ဝိုင်းပြုလုပ်ပေးတာဖြစ်ပြီး မုန့်ကျွေးတာနဲ့ဥာဏ်စမ်းအစီအစဉ်တွေပါတယ်လို့သိရပါတယ်။

Child Center ကို လာပို့ပေးတဲ့ ကလေးမိဘတွေကတော့ ဒီလိုစာဖတ်ဝိုင်းတွေကို လုပ်ပေးတာ ကလေးတွေ ကစားချိန်ရသလို စာဖတ်ချိန်ရတယ်လို့ ပြောပါတယ်။ပန်းခြံအခြေပြု Child Center ကို ဦးမင်းကိုနိုင်နဲ့ပျိုးခင်းမောင်နှမများအဖွဲ့က စည်ပင်သာယာ ရေးကော်မတီ ၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။သုဝဏ္ဏပန်းခြံရှိ Child Center အခြေကျသွားရင် သခင်မြပန်းခြံမှာ ထပ်လုပ်ဖို့လျာထား တယ်လို့ သိရပါတယ်။


11 May 2017     1,252 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS