BEC-TERO TV

အဆုတ်သန့်စင်စေမယ့် နည်းလမ်း

11 May 2017     2,048 Views


အဆုတ်ဟာ အသက်ရှူနေတဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်နေတဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်း တစ်ခုပါ။ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့ ဖုန်မှုန့်တွေ ၊ အဆိပ်အတောက်တွေ ၊ ဗတ်တီးရီးယားပိုးမွှားတွေ အစရှိတာတွေ ရှူရှိုက်မိတာကြောင့် အဆုတ်ကျန်းမာရေးကို မထိခိုက်အောင် ဒီလိုလေးတွေ လုပ်ပေးသင့်ပါတယ်။
 
အသက်ပြင်းပြင်းရှူပါ
 
အသက်ကို ခပ်ပြင်းပြင်း ရှူသွင်း ၊ ရှူထုတ် လုပ်ပေးတာဟာ အဆုတ်ကို သန်မာစေပြီး အလုပ်ကောင်းကောင်း လုပ်စေပါတယ်။
 
လက်ဖက်စိမ်းသောက်ပါ
 
လက်ဖက်စိမ်းဟာ အဆုတ်က အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပြီး ကိုယ်ခံအားကို တိုးစေတာကြောင့် လက်ဖက်စိမ်းရည် သောက်ပေးပါ။
 
ပင်စိမ်းရွက်စားပါ
 
ပင်စိမ်းရွက်ဟာ အဆုတ်ကို ကျန်းမာစေတာကြောင့် တစ်နေ့ကို ပင်စိမ်းရွက် သုံးရွက်ကနေ ငါးရွက်ထိ ပုံမှန်စားပေးပါ။
 
အိုရီဂါနို ရေနွေး သောက်ပါ
 
အဆုတ်သန့်စင်ရာမှာ အထောက်အကူပေးနိုင်တဲ့ အိုရီဂါနိုရေနွေးကို သောက်ပေးခြင်းဖြင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေကို သက်သာလျော့ပါးစေပါတယ်။ နွားနို့ထဲကို အိုရီဂါနိုအဆီ နည်းနည်းထည့်ပြီးသောက်ပေးပါကလဲ အဆုတ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
 
ဆေးလိပ်ဖြတ်ပါ
 
အဆုတ်ကို ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်စေချင်တယ်ဆိုရင်တော့ အဆုတ်ကို အဓိက ဒုက္ခပေးတဲ့ ဆေးလိပ်ကို ဖြတ်ပစ်ပါ။ ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေက အဆုတ်ကျန်းမာရေးကိုသာမက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
 
Source Credit : 7daydaily.com
 

11 May 2017     2,048 Views




RELATED

Most Popular of Health Fix

Most Popular of Life Style